ပေါင်​မြို့တွင်​ ကားနှင့် ဆိုင်​ကယ်​တိုက်​မိ ဆိုင်​ကယ်​သမား​သေ


ဇူလိုင်​လ ၂၄ ရက်​ ယနေ့ ည​နေ ၅း၃၀ နာရီ အချိန်​ခန့်​က မွန်ပြည်နယ်၊ ​ပေါင်​မြို့ ၊ ဘန့်
ဘွေးကုန်း​ကျေးရွာ ​ပေါ်​တော်​မူ​ကွေ့ ကားလမ်း မိုင်​တိုင်​အမှတ်​ ၁၇၆/၇ တွင်​ ​မော်​လမြိုင်​ဘက်​သို့ သွား​နေ​သော ​ယဉ်​​မောင်း ​နေလင်းထွန်း (ပဲခူးတိုင်း ​ဝေါမြို့) ​မောင်းလာသည့်​ 8I/8518 ရွှေနဒီ မှန်​လုံခရီးသည်​တင်​ယာဉ်​နှင့် ဘန့်​​ဘွေးကုန်း မုကျိပိုင်း​နေ ညီညီ​ဇော်​​မောင်းလာ​သော ၂၅ယ/၇၈၉၅၉ တရုတ်​လုပ်​ဆိုင်​ကယ်​ တို့ တိုက်​မိခဲ့ပြီး ဆိုင်​ကယ်​​မောင်းသူ ​နေရာတွင်​​ သေဆုံးသွားခဲ့ကြောင်း သိရသည်။


အဆိုပါ ယာဉ်တိုက်မှုအား ရဲက ယာဉ်​(ပ) ၅၁/၂၀၁၇ ပုဒ်​မ၃၀၄က ဖြင့် အမှုဖွင့် အ​ရေးယူထားသည်​။

Paung Daily
https://www.facebook.com/paungdaily
ပေါင်​မြို့တွင်​ ကားနှင့် ဆိုင်​ကယ်​တိုက်​မိ ဆိုင်​ကယ်​သမား​သေ ​ပေါင်​မြို့တွင်​ ကားနှင့် ဆိုင်​ကယ်​တိုက်​မိ ဆိုင်​ကယ်​သမား​သေ Reviewed by THITHTOOLWIN on 21:31 Rating: 5
Powered by Blogger.