ဧရာဝတီမြစ်အတွင်းရေဆင်းကူးသည့် လူငယ်နှစ်ဦးအနက် တစ်ဦးရေနစ်သေဆုံးပြီး၊ တစ်ဦးပျောက်ဆုံးနေ


မန္တလေး၊ ဇူလိုင် ၂၂ ။

ယနေ့ ဇူလိုင်လ၂၂ရက်နေ့လယ်၂နာရီအချိန်ခန့်က မန္တလေးမြို့ ၊မဟာအောင်မြေမြို့နယ် ၊သံလျက်မှော်အနောက်ရပ်ကွက်၊ ပေပင်သဲဆိပ်အနီးရှိ၊ ဧရာဝတီမြစ်အတွင်းသို့ ရေဆင်းကူးသည့် အသက်၁၇နှစ်အရွယ် အမျိုးသား လူငယ်နှစ်ဦးအနက်တစ်ဦးမှာရေနစ်သေဆုံးခဲ့ပြီး ၊ကျန်တစ်ဦးမှာပျောက်ဆုံးနေဆဲဖြစ်ကြောင်း မဟာအောင်မြေမြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက AHN သို့ပြောသည်။

“ပြည်ကြီးတံခွန်မြို့နယ်မှာ နေထိုင်တဲ့ကောင်လေးနှစ်ဦးရေ ဆင်းကူးရင်းရေနစ်တာပါ။ မဟာအောင်မြေမီးသတ်တပ်ဖွဲ့က ရှာဖွေကယ်ဆယ်ရေး အဖွဲ့တွေနဲ့ အမှတ်( ၇ )ရဲစခန်း က တာဝန်ရှိသူတွေ ၀ိုင်းဝန်းရှာဖွေရာမှာ ညနေ ၃း၃၀ မှာရေနစ်သေဆုံးသွားတဲ့ကောင်လေးရဲ့ရုပ်အလောင်းကိုရှာဖွေတွေ့ရှိပါတယ်။ ကျန်တစ်ယောက်ရဲ့ရုပ်အလောင်းကိုရှာဖွေနေဆဲပါ “ ဟု ၄င်းက ယနေ့ညနေ ၅း၃၀တွင်ပြောသည်.။

လင်းခိုင်( မန္တလာမြေ)

PHOTO = AHN ( ရေနစ်သူများကိုရှာဖွေနေစဉ်)
The Asia Heart News
ဧရာဝတီမြစ်အတွင်းရေဆင်းကူးသည့် လူငယ်နှစ်ဦးအနက် တစ်ဦးရေနစ်သေဆုံးပြီး၊ တစ်ဦးပျောက်ဆုံးနေ  ဧရာဝတီမြစ်အတွင်းရေဆင်းကူးသည့် လူငယ်နှစ်ဦးအနက် တစ်ဦးရေနစ်သေဆုံးပြီး၊ တစ်ဦးပျောက်ဆုံးနေ Reviewed by THITHTOOLWIN on 20:40 Rating: 5
Powered by Blogger.