သံတောင်ကြီးမြို့တွင် မိုးရွာသွန်မှုကြောင့် နေရာအနှံ့မြေပြိုမှုများဖြစ်ပွား


သံတောင်ကြီး - ဇူလိုင်(၁၈)

ကရင်ပြည်နယ်၊ ဘားအံခရှိင်၊ သံတောင်ကြီးမြို့တွင် မိုးအဆက် မပြတ်သည်းထန်စွာရွာသွန်းခဲ့မှုကြောင့် နေရာအနှံ မြေပြိုမှုများကြောင့် ကားလမ်းပိတ်ဆို့မှုနှင့် နေအိမ်အချို့ ပျက်စီးမှုများ ဇူလိုင်လ(၁၈)ရက်နေ့က ဖြစ်ပွားခဲ့ကြောင်းသိရသည်။

ထိုသို့မြေပြိုမှုကြောင့်သံတောင်ကြီးမြို့ပေါ်အမှတ်(၁)ရပ်ကွက်၊ဦးစောဘူးလူ၏နေအိမ် မီးဖိုဆောင်အောက်မြေပြို မှုကြောင့်မီးဖိုဆောင် ပျက်ဆီးသွားခြင်း၊ အမှတ်(၁)ရပ်ကွက်မိန်းလမ်းဘေးရှိဦးမာရှီးနေအိမ် အနောက်ဖက်ခြမ်းတွင် နေအိမ်နှင့်ကပ်လျက် အလျားပေ(၃၀)ခန့်မြေပြို မှုဖြစ်ပွားခဲ့ခြင်း၊ အမှတ်(၂)ရပ်ကွက်လူနေ၀ါးအိမ်တစ်လုံးပျက်စီးသွားခဲ့ခြင်း၊ အမှတ်(၃)ရပ်ကွက်လမ်းဘေးမြေပြိုခြင်းကြောင့် သစ်ပင်များပြိုဆင်းသွား ခဲ့သဖြင့် မော်တော်ကားလမ်းပိတ်ဆို့မှုဖြစ်ခဲ့ခြင်း၊ အမှတ်(၃)ရပ်ကွက် ရဲစခန်းအောက်ဖက်ရှိဦးစောမျိုးထူးနေအိမ်သည်မြေပြို မှုကြောင့် ပျက်ဆီးသွားခြင်းနှင့်ဦးစောမာဂေထော်အိမ်ဘေးရှိမြေသားနံရံပြိုကျမှုကြောင့် လမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။

အဆိုပါမြေပြိုမှုကြောင့်သံတောင်ကြီး-တောင်ငူအတက်လမ်းနှင့်အဆင်းကားလမ်းများပိတ်ဆို့သွားသဖြင့်အချိန်မှီဖြတ်သန်းသွားလာနိုင်ရေးအတွက် မီးသတ်တပ်ဖွဲ့ဝင်များ၊ရဲတပ်ဖွဲ့ဝင်များကမီးသတ်ယာဉ်များဖြင့်လည်းကောင်း၊ လူအားဖြင့်လည်းကောင်းပိတ်ဆို့နေသောမြေစာများနှင့်သစ်ပင်သစ်ကိုင်းများအားဖယ်ရှားရှင်းလင်းပေးခဲ့ကြကြောင်းနှင့်အဆိုပါမြေပြို မှုကြောင့်ထိခိုက်ဒဏ်ရာရရှိသူသေဆုံးသူမရှိကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
သံတောင်ကြီးမြို့တွင် မိုးရွာသွန်မှုကြောင့် နေရာအနှံ့မြေပြိုမှုများဖြစ်ပွား သံတောင်ကြီးမြို့တွင် မိုးရွာသွန်မှုကြောင့် နေရာအနှံ့မြေပြိုမှုများဖြစ်ပွား Reviewed by THITHTOOLWIN on 19:49 Rating: 5
Powered by Blogger.