ဝန်ထမ်းတွေကို လစာတိုးပေးဖို့ မဖြစ်နိုင်သေးကြောင်း ဒေါ်အောင် ဆန်းစုကြည်ပြော

နေပြည်တော်က မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗန်းရှင်းစင်တာ ၂ မှာ ဇူလိုင်လ ၁၀ ရက်နေ့က ကျင်းပတဲ့ နိုင်ငံ့ဝန်ထမ်း ပြုပြင်ပြောင်း လဲမှုဆိုင်ရာ မဟာဗျူဟာစီမံချက်၂၀၁၇- ၂၀၂၀ မိတ်ဆက်ပွဲအခမ်းအနားမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားနေစဉ်။ Photo: Win Naung Toe/RFA
ပြည်သူ့ဝန်ထမ်းတွေကို လစာတိုးပေးဖို့ မဖြစ်နိုင်သေးပေမယ့် တခြားနည်းလမ်းတွေနဲ့ ပံ့ပိုးပေးသွားမယ်လို့ နိုင် ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က ဒီနေ့ ပြောကြားခဲ့ပါတယ်။

နေပြည်တော်က မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗန်းရှင်းစင်တာ ၂ မှာ ကျင်းပတဲ့ နိုင်ငံ့ဝန်ထမ်း ပြုပြင်ပြောင်း လဲမှုဆိုင်ရာ မဟာဗျူဟာစီမံချက်၂၀၁၇- ၂၀၂၀ မိတ်ဆက်ပွဲအခမ်းအနားမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

ဝန်ထမ်းတွေအတွက် အဆင့်မြင့်အိမ်ရာတွေဆောက်လုပ်နေသလို အငြိမ်းစားဝန်ထမ်းတွေအတွက် အိမ်ယာတွေ ဆောက်လုပ်ပေးသွားမယ်လို့လည်း ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် အစိုးရဝန်ထမ်းတွေ အဓိကကြုံတွေ့နေရတဲ့ ပြဿနာဖြစ်တဲ့ လုပ်ခလစာနဲ့ ပတ်သက်ပြီး ဂရုတစိုက် စောင့်ရှောက်ပေးရမယ့် တာဝန်ရှိတယ်ဆိုတာ သိနားလည်ထားတယ်လို့ ပြောခဲ့ပါတယ်။

ဝန်ထမ်းလစာဟာ တခြားနယ်ပယ်က ၀န်ထမ်းလစာထက် နိမ့်ကျနေတာကို ချက်ခြင်းဖြေရှင်းပေးနိုင်မယ့်နည်း လမ်းမရှိသေးဘူးလို့လည်း ဆိုပါတယ်။

အစိုးရ၀န်ထမ်းတွေအနေနဲ့ ဒီမိုကရေစီခေတ်မှာ မလုပ်၊ မရှုပ်၊ မပြုတ်ဆိုတဲ့ အတွေးအခေါ်တွေ မရှိသင့်ကြောင်း တိုက်တွန်းခဲ့ပါတယ်။

ဒီနေ့ မိတ်ဆက်တဲ့ မဟာဗျူဟာစီမံချက်မှာ အဆင့်မြင့်ရာထူးရာခံရှိသူတွေရဲ့ ပိုင်ဆိုင်မှုကြေညာဖို့ အပါအ၀င် အဂတိလိုက်စားမှုအခွင့်အလမ်းနည်းပါးအောင် ဆောင်ရွက်ဖို့အစီအစဉ်တွေ ထည့်သွင်း ထားတယ်လို့ သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese
ဝန်ထမ်းတွေကို လစာတိုးပေးဖို့ မဖြစ်နိုင်သေးကြောင်း ဒေါ်အောင် ဆန်းစုကြည်ပြော ၀န်ထမ်းတွေကို လစာတိုးပေးဖို့ မဖြစ်နိုင်သေးကြောင်း ဒေါ်အောင် ဆန်းစုကြည်ပြော Reviewed by THITHTOOLWIN on 18:07 Rating: 5
Powered by Blogger.