မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင် အောင်လံမြို့နယ် ကြိုးကြာကုန်းကျေးရွာအနီး မကျီးဇင်တံတားမှာ ဇူလိုင်(၁၉)ရက် မွန်းလွဲ(၃)နာရီခွဲက ခရီးသည်ယာဉ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့တယ်လို့ ရွှေပန်းတောနယ်မြေရဲစခန်းကနေ သိရပါတယ်။
အဲဒီခရီးသည်ယာဉ်ဟာ ရွှေပန်းတောကျေးရွာကနေ အောင်လံမြို့ကို မောင်းနှင်လာရာမှာ ကြိုးကြာကုန်း ကျေးရွာအနီး မိုင်တိုင်အမှတ် (၁၉၈)မိုင်အကျော် မကျီးဇင်တံတားမှာ ဘရိတ်ပေါက်ပြီးလမ်းညာဘက်ခြမ်းကို ထိုးကျတိမ်းမှောက်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးနှစ်ယောက်ထိခိုက်ဒဏ်ရာရခဲ့ပြီး ရွှေပန်းတောတိုက်နယ်ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့သိရပါတယ်။
ယာဉ်တိမ်းမှောက်မှုနဲ့ပတ်သက်ပြီး ယာဉ်မောင်းကို ရွှေပန်းတောနယ်မြေရဲစခန်းကယာဉ် (ပ) ၆ /၂၀၁၇၊ ပြစ်မှုဥပဒေပုဒ်မ၂၇၉ /၃၃၈ /၃၃၇နဲ့ စစ်ဆေးဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ဒီသတင်းကို ညီမှူးအိမ် (အောင်လံ)ပေပို့ထားတာဖြစ်ပါတယ်။
Central News Bureau
https://www.facebook.com/skynetcnb/
အောင်လံမြို့နယ် ကြိုးကြာကုန်းကျေးရွာအနီး မကျီးဇင်တံတားတွင် ခရီးသည်ယာဉ်တစ်စီးတိမ်းမှောက်
Reviewed by THITHTOOLWIN
on
20:35
Rating:
