နေအိမ်ခြံဝန်းအတွင်း မနေထိုင်ရန်ပြောရာမှ လူသတ်မှုဖြစ်ပွား


နေပြည်တော်၊ ဇူလိုင် ၂၀

၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့ ညနေ ၄ နာရီအချိန် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော် မြို့နယ်၊ ကုန်းမဲဇလီကျေးရွာနေ မရွှေစင်လှိုင်(၂၆)နှစ်သည် ခင်ပွန်းဖြစ်သူ လှိုင်ဝင်းဌေး(၄၄)နှစ် နှင့်အတူ နေအိမ်၌ရှိနေစဉ် ၎င်းတို့ငှားရမ်းနေထိုင်သည့် ခြံပိုင်ရှင် ဦးမြင့်သိန်း(၅၀)နှစ် ရောက်ရှိ လာကာ လှိုင်ဝင်းဌေးနှင့်အတူ အရက်အတူသောက်ပြီး စကားများရန်ဖြစ်ရာ ဦးမြင့်သိန်းမှ ခြံအတွင်း မနေထိုင်ရန်ပြောသောကြောင့် တစ်ရွာတည်းနေ ဦးကျော်ဦး၏ နေအိမ်သို့ သွားရောက် စကားပြောနေခဲ့သည်။

 မကြာမီ ဦးကျော်ဦး၏ နေအိမ်သို့ ဦးမြင့်သိန်း ရောက်ရှိလာပြီး လှိုင်ဝင်းဌေး အား ခြံထဲတွင်မနေရန်ထပ်မံပြောဆိုကာ ဆွဲခေါ်သွားပြီး ခြံဝတွင် ဦးမြင့်သိန်းမှ အသင့်ပါလာ သည့် ဓားမြှောင်ဖြင့် ထိုးသောကြောင့် လှိုင်ဝင်းဌေးတွင် ဒဏ်ရာများရရှိသေဆုံးသွားသဖြင့် အရေးယူ ပေးရန် တိုင်တန်းချက်အရ ဦးမြင့်သိန်းအား အထောင်နယ်မြေရဲစခန်း(ပ)၃၈/၂၀၁၇၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia
နေအိမ်ခြံဝန်းအတွင်း မနေထိုင်ရန်ပြောရာမှ လူသတ်မှုဖြစ်ပွား နေအိမ်ခြံဝန်းအတွင်း မနေထိုင်ရန်ပြောရာမှ လူသတ်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 20:18 Rating: 5
Powered by Blogger.