ပုဏ္ဏားကျွန်းမြို့နယ် ရဟက်တောင်ကျေးရွာတွင် လူသတ်မှုတစ်ခုဖြစ်ပွား

ဓာတ်ပုံ - ဇောင်း (ပုဏ္ဏားကျွန်း)
ပုဏ္ဏားကျွန်း ၊ ဇူလိုင် ၂၇

ပုဏ္ဏားကျွန်းမြို့နယ် ရဟက်တောင်ကျေးရွာတွင် ဇူလိုင်လ ၂၆ နေ့ည ၉ နာရီကျော် အချိန်ခန့်က လူသတ်မှုတခုဖြစ်ပွားခဲ့ကြောင်း ပုဏ္ဏားကျွန်းမြို့မရဲစခန်းမှ သိရသည်။

သေဆုံးသူမှာ ဦးစံသိန်း (အသက် ၄၈ နှစ်) ရဟတ်တောင်ကျေးရွာတွင်နေထိုင်သူဖြစ်ပြီး နောက်ကျောကုန်း၌ ဓားဒဏ်ရာ (၁)ဖြင့် သေဆုံးနေသည်ကို ကျေးရွာသားများမှ တွေ့ရှိပြီး သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး ပုဏ္ဏားကျွန်းမြို့မရဲစခန်းမှ ( ပ) ၉၅ /၂၀၁၇ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ အရ အမှုဖွင့်လှစ် ဆောင်ရွက်ထားရှိပြီး တရာခံဖမ်းဆီးနိုင်ရေးအတွက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျှက်ရှိကြောင်း သိရသည်။

ဇောင်း ( ပုဏ္ဏားကျွန်း) / DMG
Development Media Group
https://www.facebook.com/dmgnewsagency
ပုဏ္ဏားကျွန်းမြို့နယ် ရဟက်တောင်ကျေးရွာတွင် လူသတ်မှုတစ်ခုဖြစ်ပွား ပုဏ္ဏားကျွန်းမြို့နယ် ရဟက်တောင်ကျေးရွာတွင် လူသတ်မှုတစ်ခုဖြစ်ပွား Reviewed by THITHTOOLWIN on 19:36 Rating: 5
Powered by Blogger.