အမြန်လမ်းတွင် ရွှေစင်္ကြာ ခရီးသည်တင်ယာဉ် လမ်းလယ်ကျွန်းတိုက်၊ဟိုက်ဂျက်ယာဉ်တိမ်းမှောက်


နေပြည်တော် ဇူလိုင် ၂၃

ရန်ကုန်မန္တလေး အမြန်လမ်းမကြီးတွင် ယနေ့တွင် ရွှေစင်္ကြာခရီးသည်တင်ယာဉ် လမ်းလယ်ကျွန်းတိုက်မိပြီး၊ ဟိုက်ဂျက်ယာဉ်တစ်စီးမှာ တိမ်းမှောက်ခဲ့ကြောင်း အမြန် လမ်းရဲတပ်ဖွဲ့စခန်းမှ သိရသည်။

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ မိုင်တိုင်အမှတ် ၂၄၈/၂ အနီး မန္တလေး ဘက်မှ နေပြည်တော်ဘက်သို့ ယာဉ်မောင်း ဇင်ဘိုဘိုဦး မောင်းနှင်လာသော ရွှေစင်္ကြာ ခရီးသည်တင် Express ယာဉ်မှာ ယနေ့နံနက် ၅ နာရီက အရှိန်မထိန်းနိုင်ဘဲ လမ်းလယ် ကျွန်းတိုက်မိကာ လမ်းလယ်ကျွန်းပေါ်တွင် ရပ်တန့်ခဲ့သည်။ ဖြစ်စဉ်ကြောင့် ယာဉ်ပေါ် တွင် ယာဉ်မောင်းပါအမျိုးသား(၂၉)ဦး၊ အမျိုးသမီး(၂၁)ဦးမှာ ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ ချေ။


အလားတူ မွန်းလွဲ ၁၂ နာရီခွဲက မိုင်တိုင်အမှတ် ၂၇၉/၃ နှင့် ၂၇၉/၄ အကြား နေပြည်တော်မှ မန္တလေးဘက်သို့ ယာဉ်မောင်း သန်းထွန်း မောင်းနှင်လာသော ဟိုက်ဂျက်မော်တော်ယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်ခဲ့သည်။

ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်တွင် ယာဉ်မောင်းပါ အမျိုးသား(၂)ဦး အမျိုးသမီး(၇)ဦး ပေါင်း ၉ ဦးမှ အမျိုးသမီး ၅ ဦးဒဏ်ရာရရှိခဲ့သည်။ ဒဏ်ရာရရှိသူများအား သီးကုန်း အမြန်လမ်းရဲတပ်ဖွဲ့ပိုင်ယာဉ်ဖြင့် မိတ္ထီလာဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။

သို့ပါ၍ ယာဉ်မောင်းများအား သက်ဆိုင်ရာက အမှုဖွင့်စစ်ဆေးအရေးယူထား ကြောင်း သိရသည်။

သန်းဦး(လေးမျက်နှာ)
ဓာတ်ပုံ(အမြန်လမ်းရဲတပ်ဖွဲ့)
Nan Myat Oo (FB)
အမြန်လမ်းတွင် ရွှေစင်္ကြာ ခရီးသည်တင်ယာဉ် လမ်းလယ်ကျွန်းတိုက်၊ဟိုက်ဂျက်ယာဉ်တိမ်းမှောက် အမြန်လမ်းတွင် ရွှေစင်္ကြာ ခရီးသည်တင်ယာဉ် လမ်းလယ်ကျွန်းတိုက်၊ဟိုက်ဂျက်ယာဉ်တိမ်းမှောက် Reviewed by THITHTOOLWIN on 21:33 Rating: 5
Powered by Blogger.