အီကွေဒေါနိုင်ငံ အလယ်ပိုင်းတွင် ဘတ်စ်ကားတစ်စီး မတော်တဆဖြစ်မှုကြောင့် အနည်းဆုံးလူ ၁၄ဦးသေဆုံး

အီကွေဒေါနိုင်ငံ အလယ်ပိုင်းတွင် ဘတ်စ်ကားတစ်စီး တိမ်းမှောက်ပြီးနောက် မီးလောင်ကျွမ်းခဲ့စဉ် (ဆင်ဟွာ)
    အီကွေဒေါ၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ)

    အီကွေဒေါနိုင်ငံ Quito မြို့မှ La Mana မြို့သို့ မောင်းနှင်လာသော ဘတ်စ်ကားတစ်စီးသည် ဇူလိုင် ၁၄ ရက် ညပိုင်းတွင် ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့ရာ အနည်းဆုံးလူ ၁၄ဦးသေဆုံးပြီး လူ ၂၆ဦး ဒဏ်ရာရရှိခဲ့ကြောင်း အီကွေဒေါနိုင်ငံ အရေးပေါ်ဝန်ဆောင်မှု ECU 911 က ဇူလိုင် ၁၅ ရက်တွင်ကြေညာခဲ့သည်။

ပြည်သူတစ်ဦးက အဝေးပြေးလမ်းမပေါ်တွင် ဘတ်စ်ကားတစ်စီး မီးလောင်နေသည်ကို အာဏာပိုင်များ နှင့် ECU 911 ထံသို့ ည ၉း၄၄နာရီတွင် အသိပေးခဲ့ကြောင်း ECU 911 ၏ အမျိုးသား လုပ်ငန်းဆောင်ရွက်မှု ဒါရိုက်တာ Diego Ripalda က မီဒီယာသို့ပြောကြားခဲ့သည်။


ပြည်တွင်းမီဒီယာ၏ ဖော်ပြချက်အရ ဘတ်စ်ကားသည် တိမ်းမှောက်သွားပြီးနောက် မီးလောင်ကျွမ်းခဲ့ကြောင်း၊ ခရီးသည်များသည် မီးခိုးလုံးများဖြင့် ဘတ်စ်ကားအတွင်း ပိတ်မိနေခဲ့ကြောင်း နှင့် ဒဏ်ရာရရှိသူများကို မြို့တော် Quito မြို့ ပတ်ဝန်းကျင်ရှိ ဆေးရုံများသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Ripalda က မီးလောင်မှု ဖြစ်ပွားကြောင်း သိသိချင်း ပြည်သူ့ကျန်းမာရေးဝန်ကြီးဋ္ဌာနမှ ကယ်ဆယ်ရေးတပ်ဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင်များ နှင့် အမျိုးသားရဲတပ်ဖွဲ့များ စတင်လှုပ်ရှားခဲ့ပြီး အခင်းဖြစ်ပွားရာသို့ ၁၀မိနစ်အတွင်းရောက်ရှိခဲ့ကြောင်း ပြောကြားခဲ့သည်။ယာဉ်မတော်တဆမှုကြောင့် သေဆုံးမှုသည် အီကွေဒေါနိုင်ငံတွင် သေဆုံးမှုများ၏ အဓိက အကြောင်းရင်းတစ်ခုဖြစ်ပြီး ယာဉ်မောင်းနှင်မှု မကျွမ်းကျင်ခြင်း နှင့် အရှိန်အလွန်အမင်း မောင်းနှင်ခြင်း တို့ကြောင့်ဖြစ်ကြောင်း အစိုးရ ကပြစ်တင်ပြောကြားခဲ့သည်။

(Xinhua)
http://www.xinhuamyanmar.com
အီကွေဒေါနိုင်ငံ အလယ်ပိုင်းတွင် ဘတ်စ်ကားတစ်စီး မတော်တဆဖြစ်မှုကြောင့် အနည်းဆုံးလူ ၁၄ဦးသေဆုံး အီကွေဒေါနိုင်ငံ အလယ်ပိုင်းတွင် ဘတ်စ်ကားတစ်စီး မတော်တဆဖြစ်မှုကြောင့် အနည်းဆုံးလူ ၁၄ဦးသေဆုံး Reviewed by THITHTOOLWIN on 15:34 Rating: 5
Powered by Blogger.