သစ်တောပြုန်းတီးမှုကြောင့် လယ်သမားများ ရေရှားပါးမှုကြုံတွေ့နေရ


ဇူလိုင် ၁၉ရက်၊ မားနဂါး၊ နမ္မတူ။

ရွှေ့ပြောင်းတောင်ယာများ လုပ်ကိုင်မှုများလာသည့်အတွက် သစ်တောပြုန်းတီးမှု ပိုမိုများပြားလာကာ နမ္မတူမြို့နယ် ပန်လုံအုပ်စုအတွင်းရှိ လယ်ယာလုပ်ကိုင်သည့်ကျေးရွာတချို့တွင် ရေခန်းခြောက်မှုကြောင့် ယခုနှစ်တွင် လယ်ယာလုပ် ငန်းများ နောက်ကျခဲ့ရသည်ဟု သိရသည်။

ရွှေ့ပြောင်းတောင်ယာလုပ်သည့်အပြင် အသုံးပြုရန်အတွက် ထင်းခွေခြင်း၊ မိုးရာသီ မျှစ်ပေါက်ချိန်တွင် မျှစ်ခုတ်ရောင်း ခြင်းများကြောင့် သစ်တောပြုန်းတီးမှုသည် တစ်နှစ်ထက်တစ်နှစ် ပိုမိုဆိုးရွားလာကာ ရာသီဥတုဖောက်ပြန်ပြီး မိုးရွာ သွန်းချိန် နောက်ကျကာ ရေခန်းခြောက်သည့် ပြဿနာကြုံတွေ့နေရခြင်းဖြစ်သည်။

သစ်ပင်ခုတ်ခြင်း၊ ဝါးခုတ်ခြင်းသည် ရေခန်းခြောက်မှုကို ဖြစ်ပေါ်စေသည့်အတွက် သစ်ခုတ်မှုမျိုးကို လယ်သမားများ ကိုယ်တိုင်က ဝိုင်းဝန်းတားဆီးရမည်ဖြစ်ကြောင်း ပန်လုံရွာဒေသခံ လယ်သမားတစ်ဦးက ပြောပါသည်။

ပန်လုံကျေးရွာ လယ်သမားတစ်ဦးဖြစ်သူ စိုင်းအိုက်စိုင်းက "အမှန်ဆိုရင်တော့ ကျနော်တို့လယ်သမားတွေက ရေထွက် တဲ့နေရာတိုင်းမှာ သစ်ပင်ခုတ်ဖို့ ပိတ်ပင်တားဆီးနိုင်ရမယ်။ ရေထွက်တဲ့နေရာတိုင်း လယ်သမားပိုင်ဆိုင်တယ် ဘာလို့ လဲဆိုတော့ နိုင်ငံတော်ကလည်း လယ်တစ်ကွက်တောင်မှ အဆုံးရှုံးမခံဘူးလို့ပြောထားတယ်။ ဒီလိုဆက်သွားနေရင် သစ်ပင်တွေဆက်ခုတ်နေရင် လယ်ကွက်တိုင်း ပြောင်းခြံတွေဖြစ်ကုန်တော့မယ်" ဟု မားနဂါးသတင်းဂျာနယ်သို့ ပြော သည်။

ကျေးရွာအနီးပတ်ဝန်းကျင်ရှိ ရေထွက်ပေါက်တစ်ဝိုက်တွင် သစ်တောထိန်းသိမ်းမှုအားနည်းနေဆဲဖြစ်ပြီး ဒေသခံများ ကိုယ်တိုင်ပင် နေအိမ်ဆောက်ရန်နှင့် တဲများဆောက်ရန်အတွက် လိုအပ်သည့် သစ်များကို ခုတ်ထွင်နေခြင်းကြောင့် သစ်တောပြုန်းတီးမှုများ ဖြစ်လာကာ တောင်ယာ၊ လယ်ယာလုပ်ငန်းများ လုပ်ကိုင်နေသူများ အခက်ခဲကြုံတွေ့နေရ ကြောင်း ဒေသခံများကဆိုသည်။

ယခင်နှစ်များတွင် ဇွန်၊ ဇူလိုင်လတွင် ကောက်စိုက်၍ ပြီးသွားကြပြီဖြစ်သော်လည်း ၂ဝ၁၅ခုနှစ်မှ စတင်ကာ ရေရှားပါးမှု ပြဿနာ စတင်ကြုံတွေ့နေရကြောင်း ပြောသည်။

"ခါတိုင်းနှစ်ဆိုရင် ဒီချိန်လယ်စိုက်လို့ပြီးပြီ ဒီနှစ်လယ်ထွန်ဖို့မပြောနဲ့ သောက်ရေတောင်မရှိသေးဘူး။ လယ်က နောက် ကျ စိုက်လေ အထွက်နှုန်းက လျှော့လေပဲ ဒီနှစ် လယ်ကွက်တိုင်းလိုလို ရေရှားပါးတဲ့ပြဿနာ ကြုံနေရတယ်" ဟု နမ့် ဆီလင်းရွာမှ လယ်လုပ်ငန်း လုပ်ကိုင်သူ ဦးစံထွန်းက ပြောသည်။

ကျေးရွာအတွင်း နေထိုင်သူ လူဦးရေ များပြလားသည်နှင့်အမျှ စိုက်ပျိုးမြေများ ချဲ့ထွင်လုပ်ကိုင်လာခြင်းသည်လည်း သစ်တောများ ပိုမိုပြုန်းတီးလာကာ ရေရှားပါးသည့် ပြဿနာများ ကြုံတွေ့လာခြင်း၏ အကြောင်းအရင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

"အရင်က တောင်ယာစပါးနဲ့ ပဲပုပ်ကိုပဲစိုက်တယ် လွန်ခဲ့တဲ့ ဆယ်နှစ်ဝန်းကျင်လောက်ကစပြီး ဒီပြောင်းဖူးကို တော် တော် စိုက်လာတဲ့အချိန်မှာ တောင်ယာတွေလုခုတ်ကြတယ်။ လူတိုင်းက များများစိုက်ချင်တယ် အစပိုင်းတော့ မသိ သာဘူး ဒီနောက်ပိုင်းမှ ရေတွေနည်းနည်းခန်းခြောက်လာတာကို တွေ့ရတယ်" ဟု ဦးစံထွန်းက ဆက်ပြောသည်။

Marnagar News Journal
https://www.facebook.com/marnagarnewsjournal/
သစ်တောပြုန်းတီးမှုကြောင့် လယ်သမားများ ရေရှားပါးမှုကြုံတွေ့နေရ သစ်တောပြုန်းတီးမှုကြောင့် လယ်သမားများ ရေရှားပါးမှုကြုံတွေ့နေရ Reviewed by THITHTOOLWIN on 08:13 Rating: 5
Powered by Blogger.