ပခုက္ကူတွင် ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် စာသင်ကျောင်း ၃၆ ကျောင်း ပိတ်ထား


ပခုက္ကူ ဇူလိုင် ၁၃

ပခုက္ကူမြို့နယ်တွင် ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် စာသင်ကျောင်း ၃၆ ကျောင်း ယာယီပိတ်ထားရကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မြစ်ရေမြင့်တက်မှုကြောင့် ဇူလိုင် ၁၂ ရက်တွင် အထက် တန်းအဆင့် ကျောင်းတစ်ကျောင်း၊ အလယ်တန်းအဆင့် ကျောင်းခြောက်ကျောင်း၊ မူလတန်းအဆင့်ကျောင်း ၂၃ ကျောင်း ပိတ်ခဲ့ရပြီး ဇူလိုင် ၁၃ ရက်တွင် အလယ်တန်း အဆင့် သုံးကျောင်းနှင့် မူလတန်းအဆင့် သုံးကျောင်း ထပ်မံ ပိတ်ထားရကြောင်း သိရသည်။

အဆိုပါ ယာယီပိတ်ထားရသော အခြေခံပညာကျောင်းများအနေဖြင့် မြစ်ရေ ကျချိန်တွင် အစားထိုးရက် ပြန်လည်တက်ရောက်ကြရမည်ဖြစ်ပြီး ဇူလိုင်လ နောက်ဆုံး ပတ်ခန့်တွင် ဖွင့်လှစ်နိုင်မည်ဖြစ်ကြောင်း ခန့်မှန်းထားသည်။

ဧရာဝတီမြစ်ရေသည် ယနေ့ မွန်းတည့် ၁၂ နာရီ တိုင်းတာချက်များအရ ၂၁၄၄ စင်တီမီတာသို့ ရောက်ရှိနေပြီး စိုးရိမ်ရေအမှတ်မှာ ၂၁၅ဝ စင်တီမီတာဖြစ်ကြောင်း သိရသည်။

ကိုဇော်(ဓာတု)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ပခုက္ကူတွင် ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် စာသင်ကျောင်း ၃၆ ကျောင်း ပိတ်ထား ပခုက္ကူတွင် ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် စာသင်ကျောင်း ၃၆ ကျောင်း ပိတ်ထား Reviewed by THITHTOOLWIN on 09:35 Rating: 5
Powered by Blogger.