မြင်းမူမြို့နယ်အတွင်း မှန်လုံယာဉ် ကားတစ်စီး တံတားအား ၀င်တိုက်မှုဖြစ်ပွား

မြင်းမူ-ဇူလိုင် ၁၈

စစ်ကိုင်းကိုင်းခရိုင်၊ မြင်းမူမြို့နယ်၊ ဂွေးပင်တောကျေးရွာ ၊ မုံရွာ-မန္တလေး ကားလမ်း မိုင်တိုင်အမှတ် ၅၁/ ၁နှင့်၂အကြား ၊ တံတားအမှတ် (၁/၅၉)အား ဇွန်လ(၁၈)ရက် ယနေ့နံနက် ပိုင်းအချိန်က ခရီးသည်တင် မှန်လုံယာဉ်တစ်စီး ၀င်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ မုံရွာမှ မန္တလေးဘက်သို့ ယာဉ်မောင်း ဦးဝင်းဦး မြို့ဦးရပ်ကွက် ၊ ပုလဲမြို့ မောင်းနှင်လာသော မှန်လုံယာဉ်သည် ခရီးသည်(၂၀)ဦးအား တင်ဆောင်မောင်းနှင်လာစဉ် အခင်းဖြစ်ပွားရာ နေရာအရောက်တွင် လမ်းချော်ကာ အရှိန်မထိန်းနိုင်ဘဲ ၀င်ရောက် တိုက်ခိုက်ခြင်းဖြစ်ကြောင်းသိရှိရသည်။

ယင်းဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါလာသူ ဦးအောင်တင်မင်း (မိုးကောင်းစံပြကျေးရွာ၊ ပုလဲမြို့နယ်နေထိုင်သူမှာ ဒါဏ်ရာရရှိသဖြင့် မြင်းမူမြို့ ပြည်သူ့ ဆေးရုံတွင်(မစိုးရိမ်ရ၊ အတွင်းလူနာဖြင့် လည်းကောင်း) ဦးရန်နိုင်စိုး (ယာဉ်နောက်လိုက်) မိုးကောင်းစံပြကျေးရွာ-ပုလဲမြို့နယ်နေထိုင်သူမှာ ဒဏ်ရာရရှိသဖြင့်(စိုးရိမ်ရ) မန္တလေးဆေးရုံသို့အတွင်းလူနာအဖြစ် တင်ပို့ကုသပေးခဲ့ကြောင်းသိရှိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ တရားခံဦးဝင်းဦး အား မြင်းမူမြို့နယ်ရဲစခန်းမှ အမှုဖွင့်အရေးယူဆောင်ရွက်လျှက်ရှိကြောင်းသိရှိရသည်။

အောင်စိုးဖေ (မြင်းမူ)
https://www.facebook.com/MYANMAALINNNEWS/
မြင်းမူမြို့နယ်အတွင်း မှန်လုံယာဉ် ကားတစ်စီး တံတားအား ၀င်တိုက်မှုဖြစ်ပွား မြင်းမူမြို့နယ်အတွင်း မှန်လုံယာဉ် ကားတစ်စီး တံတားအား ၀င်တိုက်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 19:33 Rating: 5
Powered by Blogger.