ဂျူလိုင်လ ၂၅ ရက် ၂၀၁၇
သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့တွင် ထိုင်းမြန်မာနယ်စပ်ခြား နမ့်ဆိုင်ချောင်းရေကြီးမှုကြောင့် တာချီလိတ်မြို့တွင်းရပ်ကွက်တော်တော်များများ ရေလျှံလျက်ရှိကြောင်းသိရသည်။
နမ့်ဆိုင်ချောင်းမကြီး ရေကြီးမှုကြောင့် ချောင်းငယ်လေးများဖြစ်သော နမ့်မယ့်ခေါင်ဝ် ၊နမ့်ဟွေ့ယုံးချောင်း ငယ်လေးများ ရေလျှံကာ တာချီလိတ် - မယ်ဆိုင်တံတားအနီး တာချီလိတ်မြို့ တာလော့ဈေးအပါအ၀င် ပုံးထွန်ရပ်ကွက်၊ မကာဟိုခမ်းရပ်ကွက်၊ ဆန်ဆိုင်းရပ်ကွက်၊ မယ်ခေါင်ဝ်ရပ်ကွက်တို့တွင် ရေကြီးရေလျှံ ခဲ့သည်ဟုသိရသည်။
နမ့်ဆိုင်ချောင်းဦးတွင် လယ်ယာစိုက်ပျိုးရေးအတွက် ရေသွင်းရန် တမံတုတ် ဆည်ဖို့သဖြင့် မိုး ၃-၄ ရက် အဆက်မပြတ်ရွာသွန်းပါက ရေလျှံမှုဖြစ်ပွါးရခြင်းဖြစ်ကြောင်း၊ တဖက်တွင်လည်း သစ်ပင်သစ်တော များခုတ်ဖြတ်မှုကြောင့်ဖြစ်ကြောင်း တာချီလိတ်မြို့ မယ့်ခေါဝ်ရပ်ကွက်သား စိုင်းဆိုင်က ပြောသည်။
![]() |
ဓါတ်ပုံ- နမ့်ဆိုင်ချောင်းရေလျှံ တာချီလိတ် တာလော့ဈေးအတွင်းရေ၀င်နေသည့်ပုံ (ဓါတ်ပုံ- ကွန်းမိန်းလီ) |
အလားတူ မဲခေါင်မြစ်ရေကြီးမှုကြောင့် ချောင်းငယ်မြောင်းငယ်များရေလျှံကာ တာချီလိတ်မြို့နယ် ကျိန်းလပ် မြို့နယ်ခွဲအတွင်း ရပ်ရွာများ လမ်းတံတားများ ရေလျှံကာ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုများ ရှိခဲ့ကြောင်း တာချီလိတ်ရောက် ကျိန်းလပ်ရွာသားကပြောသည်။
၂၀၁၅ ခုနှစ်ကလည်း ကျိန်းလပ်မြို့နယ်ခွဲတွင် ရေကြီးရေလျှံမှုကြောင့် နေအိမ်၂၁ လုံးရေနှင့်ပါသွားကာ တံတား ၉ စင်းပျက်စီးပြီး လယ်ယာမြေ ဧကပေါင်း ၇၀၀ ပျက်စီးခဲ့ပြီး ဒေသခံ ၂ ဦး လည်း ရေနှင့် အတူ မျောပါသေဆုံးကာ ၃ ဦးဒဏ်ရာရှိခဲ့သည်။
သျှမ်းသံတော်ဆင့်
Panglong(Burmese)
https://www.facebook.com/Panglong.burmese
နမ့်ဆိုင်ချောင်းရေကြီး တာချီလိတ်မြို့တွင်း ရေလျှံ ဘတ်သန်းချီဆုံးရှုံး
Reviewed by THITHTOOLWIN
on
18:20
Rating:
