အာဆီယံ ကျောင်းသား အားကစား ပြိုင်ပွဲတွင် မြန်မာ အားကစား အဖွဲ့  ကြေးတံဆိပ် ၄ ခုဖြင့် နိုင်ငံလိုက် အဆင့် ၇ ရရှိထား

ပြိုင်ပွဲဝင် မြန်မာ အားကစားသမား တစ်ဦး၏ ယှဉ်ပြိုင်နေမှုအား တွေ့ ရစဉ်(ဓာတ်ပုံ-အား/ကာ)

   ရန်ကုန် ၊ ဇူလိုင် ၁၈ ရက်(ဆင်ဟွာ)

    ၉ ကြိမ်မြောက် အာဆီယံ ကျောင်းသား အားကစား ပြိုင်ပွဲအား စင်ကာပူ နိုင်ငံ၌ ကျင်းပလျက် ရှိရာ မြန်မာ အားကစား အဖွဲ့ သည် ကြေးတံဆိပ် ၄ ခုဖြင့် နိုင်ငံလိုက် အဆင့် ၇ ရရှိထားကြောင်း အားကစား နှင့် ကာယ ပညာ ဦးစီးဌာနမှ သိရသည်။

မြန်မာ အားကစား အဖွဲ့ သည် ပြေးခုန်ပစ် အားကစားနည်းမှ ကြေးတံဆိပ် ၃ ခုနှင့် ကျွမ်းဘား အားကစားနည်းမှ ကြေးတံဆိပ် ၁ ခု စုစုပေါင်း ၄ ခု ရရှိထားကြောင်း သိရသည်။
 
၉ ကြိမ်မြောက် အာဆီယံ ကျောင်းသား အားကစား ပြိုင်ပွဲသို့ မြန်မာနိုင်ငံ အနေဖြင့် ပထမဆုံး ၀င်ရောက် ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်ပြီး ပြေးခုန်ပစ် ၊ ကြက်တောင် ၊ ပိုက်ကျော်ခြင်း ၊ ရေကူး ၊ ကျွမ်းဘား ၊ စားပွဲတင် တင်းနစ် ၊ တင်းနစ် စုစုပေါင်း အားကစား သမား ၆၆ ဦး ပါဝင် ယှဉ်ပြိုင်ကြကြောင်း သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
အာဆီယံ ကျောင်းသား အားကစား ပြိုင်ပွဲတွင် မြန်မာ အားကစား အဖွဲ့  ကြေးတံဆိပ် ၄ ခုဖြင့် နိုင်ငံလိုက် အဆင့် ၇ ရရှိထား အာဆီယံ ကျောင်းသား အားကစား ပြိုင်ပွဲတွင် မြန်မာ အားကစား အဖွဲ့  ကြေးတံဆိပ် ၄ ခုဖြင့် နိုင်ငံလိုက် အဆင့် ၇ ရရှိထား Reviewed by THITHTOOLWIN on 19:20 Rating: 5
Powered by Blogger.