ထိုင်းနိုင်ငံ တောင်ပိုင်ပြည်နယ် သူကြီးနေအိမ် သေနတ်သမားများ ၀င်ရောက်စီးနင်း မိသားစုဝင်အားလုံး အသတ်ခံရ (၈)ဦးသေဆုံး (၄)ဦးဒဏ်ရာပြင်းထန်
11-7-2017
ထိုင်းနိုင်ငံတောင်ပိုင်း ကရဘီပြည်နယ် ဘန့် ကလန် ခရိုင် ကျေးရွာအုပ်စု ၁ သူကြီး နိုင်ဝါရယု စန် ရဲ့ နေအိမ်ကို သေနတ်သမား (၇)ဦးက လက်နက်အပြည့်အစုံနဲ့ ဇူလိုင်လ ၁၀ ရက်နေ့ ညနေပိုင်း အချိန်ကတဲက ၀င်ရောက် စီးနင်းထားခဲ့တာပါ။
သေနတ်သမားတွေဟာ မိသားစုဝင်တွေနဲ့ အိမ်သားတွေ အားလုံးကို လက်ပြန်ကြိုးတွေတုတ် ခေါင်းကို အ၀တ်တွေအုပ်ထားပြီး သူကြီးဖြစ်သူ အိမ်ပြန်လာတဲ့အထိ စောင့်နေခဲ့ကြပါတယ်။
ည ၁၂ နာရီမှာ သူကြီးရောက်လာတာနဲ့  သူကြီးအပါအ၀င် မိန်းမ ၊ ခလေး ၁၂ ဦးစလုံး ပစ်သတ်သွားခဲ့ကြပါတယ်။ အခင်းဖြစ်ပွားတဲ့နေရာမှာ (၅)ဦးနဲ့ ဆေးရုံမှာ (၃) ဦးသေဆုံးခဲ့ပါတယ်။
ထွက်ပြေးလွတ်မြောက်သွားကြတဲ့ သေနတ်သမားတွေ ဟာ မည်သူမည်ဝါဖြစ်တယ်ဆိုတာကို ရဲတပ်ဖွဲ့ ကထုတ်ဖေါ်ပြောဆိုဖို့  စောလွန်နေပြီး သေနတ်သမားတွေနောက်လိုက်လံ ရှာဖွေနေတယ်လို့ သာ တာဝန်ရှိသူတွေက ထုတ်ပြန်ပြောဆိုသွားပါတယ်။
Social Action for Children and Women - SAW
ထိုင်းနိုင်ငံ တောင်ပိုင်ပြည်နယ် သူကြီးနေအိမ် သေနတ်သမားများ ၀င်ရောက်စီးနင်း မိသားစုဝင်အားလုံး အသတ်ခံရ (၈)ဦးသေဆုံး (၄)ဦးဒဏ်ရာပြင်းထန်
Reviewed by THITHTOOLWIN
on
16:14
Rating:
