နိရဉ္စရာ၊ ဇူလိုင် ၂၄
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် တောင်ဘဇား နယ်ခြားစောင့် စခန်းမှ နယ်မြေမှူး အပါအ၀င် တပ်ဖွဲ့ဝင် ၄ ဦးမှာ စက်လှေနစ်မြုပ်၍ ပျောက်ဆုံးနေကြောင်း သတင်း ရရှိသည်။
ပျောက်ဆုံးနေသည့် သူများမှာ နယ်မြေမှူး ရဲမှူး ရဲဇော်ထွဋ်၊ တပ်ကြပ် ခင်မောင်သန်း၊တပ်ကြပ် ကိုကိုအောင်၊ ဒုတပ်ကြပ် ထွန်းလင်းထိုက်တို့ ဖြစ်ကြောင်း တာဝန်ရှိသူ ရဲအရာရှိ တစ်ဦးက နိရဉ္စရာ သတင်းဌာသို့ ပြောသည်။
ဇူလိုင် ၂၃ ရက်နေ့ ည ၂၁ နာရီ ၅၀ မိနစ်တွင် ကျောင်းတောကျေးရွာမှ နယ်မြေ ရှင်းလင်းရေး လုပ်ပြီး စက်လှေနှင့် ပြန်အလာတွင် တောင်ဘဇား စခန်းမှ ၈ မိုင်ခန့် အကွာတွင် စက်လှေ နစ်မြုပ်သွားခဲ့သည်ဟု ဆိုသည်။
“ စက်လှေ နစ်တာက ချောင်းရေက အရမ်းပြင်းနေတဲ့ အတွက် နစ်သွားတာပါ။ တောင်ဘဇားစခန်းက ရှစ်မိုင်ခန့် အကွာ၊ ပဲသဒူ တိုင်းရင်သားကျေးရွာအနီး ကုလားတောပန်းဇင်းချောင်းမှာ နစ်သွားတာပါ” ဟု ရဲတာဝန်ရှိသူက ပြောကြားသည်။
စက်လှေပေါ်တွင် တပ်ဖွဲ့ဝင် ခုနှစ်ဦးပါရှိပြီး သုံးဦးသာ စခန်းသို့ ပြန်လည် ရောက်ရှိလာကြောင်း သိရသည်။
ယခုအခါ ပျောက်ဆုံးသူများကို ရှာဖွေနေကြောင်း သတင်းရရှိသည်။
Narinjara
https://www.facebook.com/Narinjara
စက်လှေနစ်၍ တောင်ဘဇားရဲစခန်းမှ နယ်မြေမှူး အပါအ၀င် တပ်ဖွဲ့ဝင် ၄ ဦးပျောက်ဆုံး
Reviewed by THITHTOOLWIN
on
20:23
Rating:
