ဗန်းမော်-မိုးမောက်-လွယ်ဂျယ် ကားလမ်းဘေးရှိ သက်တမ်းနှစ်(၁၀၀)ကျော် ကုက္ကိုပင် တစ်ပင် လဲကျ လမ်းပိတ်ဆို့မှုဖြစ်


ဗန်းမော် ဇူလိုင် ၉

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မိုးမောက်မြို့နယ် ကျောက်စခန်းကျေးရွာ၌ ဇူလိုင် ၉ ရက် နံနက် ၃ နာရီခန့်က ဗန်းမော်-မိုးမောက်-လွယ်ဂျယ်သို့ သွားသည့် ကားလမ်းဘေးဝဲဘက်တွင် သက်တမ်း နှစ်(၁၀၀)ကျော်ခန့် ကုက္ကိုပင်တစ်ပင်သည် လုံးပတ်(၂၂)ပေခန့်ရှိရာ ကုက္ကိုပင်မှာ အမြစ်များ ဆွေးမြေ့ပြီး ပင်စည်အောက်ခြေတွင် အခေါင်းပေါက်ဖြစ်ကာ ကားလမ်းမပေါ်သို့ ကန့်လန့်ဖြတ်လဲကျခဲ့ကြောင်း သိရသည်။

အဆိုပါ ကုက္ကိုပင်လဲကျမှုကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်ဒဏ်ရာ ရရှိမှု မရှိဘဲ ဓာတ်မီး တိုင်(၂)တိုင်ကျိုးကျ၍ ဓာတ်မီးတိုင်(၃)တိုင် ယိုင်သွားခဲ့ပြီး ကားလမ်းဘေးယာဘက်ရှိ ဒေါ်မကြည်နှင့် ကိုလှမိုးတို့၏ နေအိမ်အမိုးစွန်း အနည်းငယ် ထိခိုက်ပျက်စီးသွားခဲ့ကြောင်း၊ ကားလမ်းပိတ်ဆို့နေသဖြင့် ယာဉ်ငယ်များ ဖြတ်သန်းသွားလာနိုင်သော်လည်း ဗန်းမော်မှ လွယ်ဂျယ်သို့ အသွား/အပြန် ကုန်တင်ယာဉ်အချို့ ဖြတ်သန်းသွားလာနိုင်ခြင်း မရှိသဖြင့် နံနက် ၇ နာရီခွဲတွင် ကုက္ကိုပင်လဲကျမှုအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းမောင်မောင်နှင့်အဖွဲ့တို့က သွားရောက်ကြည့်ရှုစစ်ဆေးပြီး ရှင်းလင်း ဖယ်ရှားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
ဗန်းမော်-မိုးမောက်-လွယ်ဂျယ် ကားလမ်းဘေးရှိ သက်တမ်းနှစ်(၁၀၀)ကျော် ကုက္ကိုပင် တစ်ပင် လဲကျ လမ်းပိတ်ဆို့မှုဖြစ် ဗန်းမော်-မိုးမောက်-လွယ်ဂျယ် ကားလမ်းဘေးရှိ သက်တမ်းနှစ်(၁၀၀)ကျော် ကုက္ကိုပင် တစ်ပင် လဲကျ လမ်းပိတ်ဆို့မှုဖြစ် Reviewed by THITHTOOLWIN on 15:51 Rating: 5
Powered by Blogger.