မိုင်းလားမှ တာချီလိတ်သို့ သယ်လာသည့် မူးယစ်ဆေးဝါးထုတ်လုပ်စ္စည်းများ ကျိုင်းတုံ ဝမ်တာပုံစစ်ဆေးရေးစခန်းတွင် ဖမ်းမိ
မိုင်းလားမြို့မှ တာချီလိတ်သို့ သယ်ဆောင်လာသည့် မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင် အသုံးပြုသော ဆက်စပ်ပစ္စည်းများအား ရှမ်းပြည်နယ် (အရှေ့ ပိုင်း) ကျိုင်းတုံမြို့နယ် ကျိုင်းတုံ - မိုင်းခတ်လမ်း ဝမ်တာပုံပူးပေါင်းစစ်ဆေးရေးစခန်းတွင် ဇူလိုင်လ (၂၁)ရက်နေ့က ဖမ်းဆီးရမိလိုက်ကြောင်း သိရသည်။
မူးယစ်တပ်ဖွဲ့ စု (၂၈) ကျိုင်းတုံမှတပ်ဖွဲ့ဝင်များ နှင့် သက်ဆိုင်ရာရဲတပ်ဖွဲ့များ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ဝမ်တာပုံ စစ်ဆေးရေးစခန်းတွင် စောင့်ဆိုင်းနေစဉ် ဇူလိုင်လ (၂၁)ရက်နေ့ ညနေ (၃)နာရီခန့်က မိုင်းခတ်မြို့ဘက်မှ ကျိုင်းတုံမြို့တွင်းသို့  လုကာဆိုသူမောင်းနှင်ပြီး မောင်ဖြိုးနှင့် ကျရှီးဆိုသူတို့ လိုက်ပါ လာသည့် (၁၀)ဘီးယာဉ်အား စစ်ဆေးရှာဖွေရာ ယာဉ်ခေါင်းခန်း ပစ္စည်းထည့်သည့် နေရာအတွင်းမှ WYစာတမ်းပါ စိတ်ကြွရူးသွပ်ဆေးပြား (၁)ပြားနှင့် ယာဉ်နောက်ခန်းတွင် တင်ဆောင်လာသည့် မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင် အသုံးပြုသည့် မို(၂၀)စုံပါ သေတ္တာ(၁၃)လုံး၊ စိတ်ကြွရူးသွပ်ဆေးပြား ထုပ်ပိုးရာတွင် အသုံးပြုသည့် အပြာရောင်ကပ်ခွာ အိတ်(၂၃၀၀၀)အိတ်ပါ ဆာလာအိတ်(၂၇)အိတ်၊ ပန်းသီးတံဆိပ် အနက်ရောင် ကပ်ခွာအိတ် (၂၃၀၀၀)အိတ်ပါ ဆာလာအိတ်(၁၈)အိတ် စုစုပေါင်း(၄၅)အိတ်၊ မော်တာ(၂)လုံး၊ တုန်ခါမှု ပြုလုပ်ရာတွင် အသုံးပြုသည့် (၂)လက်မတုန်ခါ ရာဘာပိုက်(၁)ချောင်း၊ ခဲရောင် သံဗန်း(၁)ခုတို့ အား ရှာဖွေတွေ့ ရှိခဲ့ကြောင်း သိရသည်။
ယာဉ်မောင်းဖြစ်သူ လုကာ၊ ယာဉ်ပိုင်ရှင်ဖြစ်သူ မောင်ဖြိုးနှင့် မိုင်းလားမှ တာချီလိတ်သို့  လိုက်ပါပို့  ဆောင်ပေးသူ ကျရှီးတို့ မှာ လွန်ခဲ့သော (၂)နှစ်ခန့်မှစ၍ မူးယစ်ဆေးဝါးစတင်သုံးစွဲသူများဖြစ်ကြပြီး အဆိုပါ မူးယစ်ဆေးဝါး ထုတ်လုပ်သည့် ဆက်စပ်ပစ္စည်းများကို မိုင်းလားမှ တာချီလိတ်သို့ သယ်ဆောင်ခ ဘတ်ငွေ (၈၅၀၀၀)ဖြင့် သယ်ယူပို့ဆောင်ပေးခြင်းဖြစ်ကြောင်း သိရသည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ လုကာ၊ မောင်ဖြိုးနှင့် ကျရှီးတို့ အား ကျိုင်းတုံမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် မူးယစ်ဆေးဝါးများအား ထုတ်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား လက်ဝယ်တွေ့ ရှိခဲ့သည့် အတွက် ကျိုင်းတုံမြို့မရဲစခန်းတွင် မယ(ပ)၇၆/၂၀၁၇၊မူး/စိတ် ပုဒ်မ ၁၅/၁၆(ခ)/၁၆(ဂ)/၂၁အရ အရေးယူဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
သတင်း - ဇွဲမြတ်
Photo-SYP
Tachileik News Agency
http://www.tachileik.net/2017/07/MLD.html
မိုင်းလားမှ တာချီလိတ်သို့ သယ်လာသည့် မူးယစ်ဆေးဝါးထုတ်လုပ်စ္စည်းများ ကျိုင်းတုံ ဝမ်တာပုံစစ်ဆေးရေးစခန်းတွင် ဖမ်းမိ
Reviewed by THITHTOOLWIN
on
16:15
Rating:
