ငွေကျပ်သိန်း ၅၂၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ


နေပြည်တော် ဇူလိုင် ၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့၏ အရှေ့မြောက်ဘက် မီတာ ၃၀၀၀ ခန့်အကွာ လွယ်ခန်ကျေးရွာရှိ ဒေါ်ရင်ရင်(ဘ) ဦးအိုက်လင်း၏နေအိမ်အား တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ပါဝင်သောပူးပေါင်းအဖွဲ့က ဇူလိုင် ၅ ရက် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ခန့်တွင် သတင်းအရ၀င်ရောက်ရှာဖွေရာ နေအိမ်အတွင်းမှ ဒေါ်ရင်ရင်ကို ဘိန်းဖြူမှုန့် ၂၅၀၈၀ ဂရမ်ခန့်ပါ ဆပ်ပြာခွက် ၂၀၉၀ ခွက်၊ 88/1 စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၄၉၉၅၀ ပြားနှင့် အလေးချိန် ၄၅၀ ဂရမ်ခန့်ပါ ဘိန်းဖြူဘလောက်တုံး အကြေမှုန့် ၁ ထုပ်(စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ်သိန်း ၅၂၁၈ သိန်းကျော်)နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ မူးယစ်ဆေးဝါးများနှင့်အတူဖမ်းဆီးရမိသူအား တရားဥပဒေအရ အမှုဖွင့်အရေးယူဆောင်ရွက်နိုင်ရန် မူဆယ်မြို့ရှိအမှတ်(၂၂)မူးယစ်တပ်စုသို့ စနစ်တကျလွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
https://www.facebook.com/Cincds/
ငွေကျပ်သိန်း ၅၂၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ ငွေကျပ်သိန်း ၅၂၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 16:47 Rating: 5
Powered by Blogger.