တရားမဝင် အလုပ်သမား ၂၃ဝဝ မိခင်နိုင်ငံ ပြန်ပို့မည်

(မလေးရှားနိုင်ငံမှာ ဖမ်းဆီးခံရဲတဲ့ တရားမဝင်လုပ်သားတွေကို တွေ့ရစဉ်)ဓါတ်ပုံ - ဦးဆန်းဝင်း
မလေးရှားနိုင်ငံမှာ တရားမဝင် နိုင်ငံခြားသား အလုပ်သမား ၂၃၀၀ ကျော်ကို ရှာဖွေဖမ်းဆီးထားပြီး မကြာခင် လာရင်းနိုင်ငံတွေကို ပြန်ပို့တော့မှာ ဖြစ်ကြောင်း မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာန အရာရှိတစ်ဦးက ပြောပါတယ်။

မလေးရှားစက်ရုံအလုပ်ရုံတွေဟာ အင်ဒိုနီးရှား၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ မြန်မာ စတဲ့ နိုင်ငံတွေက အလုပ်သမားတွေကို အများကြီး မှီခိုအားထားနေရတာဖြစ်လို့ တရားဝင်အလုပ်လုပ်နေကြသူ ၂ သန်းလောက်အပြင် တရားမဝင်အလုပ်သမားလဲ ၂ သန်းလောက် ရှိတယ်လို့သိရပါတယ်။

အခုရက်ပိုင်းအတွင်း နိုင်ငံအနှံ့ စီမံချက်ချပြီး ရှာဖွေဖမ်းဆီးရာမှာ ၂၃၀၀ ဖမ်းမိခဲ့ပြီးတော့ အခုသီတင်းပတ်အတွင်း ရုံးတင်စစ်ဆေးပြီး ပြည်နှင်ဒဏ် စီရင်မှာ ဖြစ်တယ်လို့ လူဝင်မှုကြီးကြပ်ရေးဌာန အရာရှိ က ပြောပါတယ်။

ဖမ်းထားသူတွေထဲမှာ အင်ဒိုနီးရှား နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့က အများဆုံး ဖြစ်ပြီး ခရီးသွား ဗီဇာနဲ့ ခေတ္တလာရောက်လည်ပတ်ရင်း အလုပ်လုပ်ခွင့် ပါမစ်မရှိဘဲ အလုပ်နေကြသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

လူ့အခွင့်အရေးအဖွဲ့တွေကတော့ တရားမဝင် အလုပ်သမားတွေကို ဖမ်းဆီးအရေးယူရုံသာမက တရားဝင် ဖြစ်အောင် ဘာမှလုပ်မပေးတဲ့ အလုပ်ရှင်တွေကိုပါ အရေးယူဒဏ်ရိုက်သင့်တယ်လို့ ပြောကြပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
တရားမဝင် အလုပ်သမား ၂၃ဝဝ မိခင်နိုင်ငံ ပြန်ပို့မည် တရားမဝင် အလုပ်သမား ၂၃ဝဝ မိခင်နိုင်ငံ ပြန်ပို့မည် Reviewed by THITHTOOLWIN on 09:53 Rating: 5
Powered by Blogger.