မျက်နှာဖုံးစွပ်များ ဘင်္ဂလာဒေ့ရှ်ဒုက္ခသည် စခန်းများတွင်လည်း သတ်ဖြတ်မှုများရှိနေ


နိရဉ္စရာ၊ ဇူလိုင် ၁၇

အမည်မသိ မျက်နာဖုံးစွပ် အကြမ်းဖက်သမားများသည် မြန်မာနယ်စပ်အနီးရှိ ဘင်္ဂလာဒေ့ရှ်နိုင်ငံဒုက္ခသည် စခန်းများတွင်လည်း သတ်ဖြတ်မှုများရှိနေကြောင်း သိရသည်။

ဇူလိုင်လ ၁၄ ရက်နေ့ နေ့စွဲဖြင့် Reuters ကရေးသားသည့် Murders, masked men spook Rohingya in Bangladesh camps သတင်းတွင် ထိုသို့ ဖော်ပြထားသည်။

လွန်ခဲ့သောလအတွင်းက ကျရောက်ခဲ့သော ရာမဒန် ဥပုတ်ကာလအတွင်း တစ်ခြား အစ္စလာမ်ဘာသာဝင်များမှာ ၎င်းပွဲတော်အား ဆင်နွှဲနေကြသော်လည်း Noor Ankis ဆိုသော အမျိုးသမီးနှင့် အိမ်နီးပါးချင်းများမှာ သူမ၏ ယောင်္ကျားဖြစ်သူကို ဒုက္ခသည် စခန်းတွင် သဂြိုလ်နေခဲ့ကြသည်ဟု ၎င်းသတင်းတွင် ရေးသားဖော်ပြထားသည်။

Noor Ankis ၏ ယောက်ျားဖြစ်သူ Mohammed Ayub ကို လက်နောက်ပြန်ကြိုးုတုတ်ကာ လည်ပင်းပြတ်ရှဒဏ်ရာဖြင့် သေဆုံးနေသည်ကို ဒုက္ခသည်စခန်း၏ လူသူမရောက်သော အမိုက်များစုပုံထားသော စခန်းထောင့်တစ်နေရာတွင် တွေ့ခဲ့ရသည်ဟု ဆိုသည်။

အသက် ၃၀ နှစ်ရှိပြီ ဖြစ်သော Mohammed Ayub သည် ဘင်္ဂလာဒေ့ရှ်ရှိ မြန်မာနိုင်ငံမှ ထွက်ပြေးလာသူများကို ခိုလုံခွင့်ပေးထားသော ဒုက္ခသည် စခန်းအတွင်း လွန်ခဲ့သည့် ရက်သတ္တပတ် အတွင်း အသတ်ခံခဲ့ရသည့် သုံးဦးထဲမှ တစ်ဦးဖြစ်ကြောင်းဖြင့်လည်း သတင်းတွင် ဖော်ပြထားသည်။

ကူညီပေးရေး လုပ်သားတစ်ဦးလည်းဖြစ်၊ အဆိုပါ စခန်းတွင် အချိန်ကြာမြှင့်စွာ နေထိုင်နေသူ တစ်ဦးက ပြောသည်မှာ ယခု ဖြစ်ရပ်မှာ သူတို့ ရောက်လာသည့် နှစ်ပေါင်း ၂၅ နီးပါးအတွင်း အဆိုးရွားဆုံး အခြေအနေဖြစ်ကြောင်း ပြောဆိုသည်။

မျက်နာဖုံးစွပ်ထားသူများသည် ကောတော့ ပလောင် ဒုက္ခသည် စခန်း ၂ ခု၏ မှောင်မိုက်သော လမ်းများတွင် ညဥ့်အချိန် ရွှေ့လျား သွားလာ လူပ်ရှားနေကြသည်ဟု ဒုက္ခသည်များကလည်း ပြောဆိုကြောင်း သတင်းတွင် ဖော်ပြသည်။

ဘင်္ဂလာဒေ့ရှ်ရဲနှင့် အကူအညီပေးသူများ အနေဖြင့် ယခုကဲ့သို့ အကြမ်းဖက်မှုများကြောင့် ကူညီထောက်ပံ့ရေးမှာ အခက်အခဲဖြစ်ပေါ်နေကြောင်း ပြောဆိုသည်။

အသတ်ခံရသူ Mohammed Ayub ၏ ဇနီး Noor Ankis က ပြောသည်မှာ မျက်နာဖုံး စွပ်ထားသူများသည် သူမ ယောက်ျားဖြစ်သူအား အပြင်သို့ ဆွဲထုတ်သွားစဉ် သူမနှင့်သူမအစ်မ ဖြစ်သူအားရိုက်ပုတ်ကြောင်း၊ ယင်းအချိန်က သူမမှာ ၇ နှစ်နှင့် ၃ နှစ်အရွယ် ကလေးနှစ်ဦးအတူ အသစ်ပြုလုပ်ထားသော ကွန်ကရစ် အခင်းကြမ်းပြင်တွင် အိပ်နေကြချိန် ဖြစ်ကြောင်း၊ သူမကိုလည်း သူမ၏ ယောင်္ကျားဖြစ်သူ၏ ဖုန်းမှ တစ်ဆင့် သတ်ပစ်မည် ဟု ခြိမ်းခြောက်ကြောင်း၊ ခြိမ်းခြောက်သည့် အဖွဲ့မှာ al-Yaqin ပြောဆိုကြောင်း၊ ၎င်းအဖွဲ့မှာ Harakah al-Yaqin ဖြစ်ကြောင်း၊ ၎င်းအဖွဲ့သည် အောက်တိုဘာလအတွင်းက မောင်တောနယ်ခြားစောင့် စခန်းများကို တိုက်ခိုက်ခဲ့သော အဖွဲ့ဖြစ်ကြောင်း ရေးသားထားသည်။

ယခုအခါ စခန်းတွင်းတွင် အလွန်ကြောက်ရွံ့မှုများ ဖြစ်ပေါ်နေကြောင်း သတင်းတွင် ဖော်ပြထားသည်။

Narinjara
https://www.facebook.com/Narinjara
မျက်နှာဖုံးစွပ်များ ဘင်္ဂလာဒေ့ရှ်ဒုက္ခသည် စခန်းများတွင်လည်း သတ်ဖြတ်မှုများရှိနေ မျက်နှာဖုံးစွပ်များ ဘင်္ဂလာဒေ့ရှ်ဒုက္ခသည် စခန်းများတွင်လည်း သတ်ဖြတ်မှုများရှိနေ Reviewed by THITHTOOLWIN on 15:11 Rating: 5
Powered by Blogger.