ပုသိမ် ဇူလိုင် ၂၆
ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်၌ ဇူလိုင် ၂၅ ရက် ညနေ ၄ နာရီ မိနစ် ၂ဝ က ငဝန်မြစ်ရေတိုက်စားမှုကြောင့် ခြောက်ဆယ်ကျေးရွာအုပ်စု မြစ်ကမ်းပါး အနီးတွင် အလျားပေ ၁ဝဝ၊ အနံ ပေ ၆ဝ ရှိ မြစ်ကမ်းပါးပြိုကျမှုဖြစ်ပွားရာ လူနေအိမ် တစ်လုံး ပျက်စီးဆုံးရှုံးသွားခဲ့သည်။
ကမ်းပါးပြိုရာတွင် ပါရှိသွားသည့် အိမ်မှာ မြစ်ကမ်းပါးနှင့် ပေ ၄ဝ အကွာတွင်ရှိသော ဦးမြင့်ဆွေ၏ နေအိမ် သွပ်မိုး၊ ပျဉ်ထောင်ပျဉ်ခင်း နေအိမ်တစ်လုံးနှင့် ၁၅ ပေ ပတ်လည်ရှိ မတ်ပဲ တင်း ၁၂ဝ ထားရှိရာ အဆောက်အအုံတစ်လုံး ပျက်စီးမျောပါသွားသဖြင့် ဒေသခံ ပြည်သူများနှင့် ရဲတပ်ဖွဲ့ဝင်များက ကယ်ဆယ်ရေးလုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ခြင်း၊ စိုးရိမ်ရနေအိမ်များ ပြောင်းရွှေ့ပေးခြင်းလုပ်ငန်းများ ဆောင်ရွက် ပေးလျက်ရှိကြောင်းသိရသည်။
ပုသိမ်-လှကြည်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
လေးမျက်နှာမြို့နယ်အတွင်း ငဝန်မြစ်ရေတိုက်စားမှုကြောင့် လူနေအိမ်တစ်လုံး ပြိုကျပျက်စီး
Reviewed by THITHTOOLWIN
on
08:39
Rating:
