ရန်ကုန်၊ ဇူလိုင် ၁၂ ။
ဇူလိုင်လ ၁၂ ရက်နေ့ ဒီကနေ့  ညနေ ၅း၃၀ ခန့်က ၊ ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်း၊ မြန်မာပလာဇာရှေ့၊ အင်းလျားကန်အတွင်း လူ ၁ဦး ခုန်ချကြောင်းသတင်းရရှိသဖြင့် တာမွေမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ် ၁စီး၊ defender boat ၁စီးနှင့် စမ်းချောင်းမြို့နယ် မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ် ၁စီး တို့ထွက်ခွာ၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ညနေ ၆း၀၀ နာရီခန့်တွင် အသက် ၂၅နှစ်ခန့် ရှိ အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို အင်းလျားကန်အတွင်းမှ ဆယ်ယူနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
သစ်ထူးလွင်
အမျိုးသားတစ်ဦး အင်းလျားကန်အတွင်း ခုန်ချသေဆုံး
Reviewed by THITHTOOLWIN
on
19:32
Rating:
