မော်ဟန် ဘူတာစုကွက်သစ်တွင် နေအိမ်မီးရှို့သူကို အရေးယူဆောင်ရွက်


မိုးညှင်း ဇူလိုင် ၃၁

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် မောဟန်ကျေးရွာ ဘူတာစုရပ်ကွက်တွင် စိတ်ဖောက်ပြန်သူတစ်ဦးကအိမ်သားများမရှိခိုက် ကိုယ်တိုင်နေအိမ်ကို မီးရှို့ရာမှ မီးလောင်ကျွမ်းခဲ့သဖြင့် အရေးယူဆောင်ရွက်လျက် ရှိကြောင်း သိရသည် ။

ဖြစ်စဉ်မှာ ဇူလိုင် ၃၀ရက်နေ့လည် ၁နာရီခွဲအချိန်ခန့်ကမိုးညှင်းမြို့နယ် မော်ဟန်ကျေးရွာ ဘူတာစုကွက်သစ် ရပ်ကွက်ရှိ မောင်တို(ခ)ကျော်အောင် ၏ နေအိမ်တွင် မီးလောင်မှုဖြစ်ပွါးကြောင်းသတင်းအရမော်ဟန် ကျေးရွာ အုပ်ချုပ်ရေးမှူးဦးအောင်ဆန်းဝင်းနှင့်အဖွဲ့မော်ဟန်ရဲကင်းစခန်းမှူးရဲအုပ်စိုးဝင်းနှင့်အဖွဲ့မိုးညှင်းမြို့နယ်မီးသတ်တပ်ဖွဲ့မှ လက်ထောက်မီးသတ် ဦးစီးမှူးအောင်ကိုဝင်း မော်ဟန်ရွာဒေသအရံမီးသတ် တပ်ခွဲမှူး ခင်မောင်ကျော်အဖွဲ့နှင့် ဒေသခံများက ဝိုင်းဝန်းငြိမ်းသတ်၍ စစ်ဆေးခဲ့ရာ မောင်တို(ခ)ကျော်အောင်မှ အိမ်သားများမရှိခိုက်နေအိမ်ပေါ်ရှိမိခင် ဖြစ်သူ ဒေါ်သန်းခင်၏ အိပ်ခန်းအတွင်းရှိစောင်အား မီးရှို့ခဲ့၍ မီးလောင်ကျွမ်းခဲ့ရာ မောင်တို(ခ)ကျော်အောင် တွင် မီးလောင်ဒဏ်ရာအနည်းငယ် ရရှိခဲ့ပြီး (၃×၂)ခန်း သွပ်မိုး ပျဉ်ကာ ပျဉ်ခင်းနေအိမ်တစ်လုံးနှင့် (၂)ခန်းပတ်လည် သွပ်မိုး ထရံကာ ပျဉ်ခင်း စပါးတင်း(၅၀)ပါ စပါးကျီတစ်လုံး မီးလောင်းကျွမ်း ခဲ့ ကြောင်း မီးလောင်ကျွမ်းရာသို့ တာဝန်ရှိသူများ မီးသတ်တပ်ဖွဲ့ဝင်များ နှင့်ဒေသခံများမှအချိန်မီဝိုင်းဝန်း ငြိမ်းသတ်နိုင်ခဲ့သဖြင့် အခြားအိမ်များသို့ ကူးစက် လောင်ကျွမ်းမှုမရှိခဲ့ကြောင်း၊အဆိုပါမီးဘေးသင့်မိသားစုဝင်များဖြစ် သည့် အသက် ၁၈နှစ်အထက် ကျား(၁)ဦး မ(၄)ဦး အသက်၁၈နှစ်အောက် ကျား(၄)ဦး မ(၂)ဦး စုစုပေါင်း(၁၀)ဦးတို့အား ယင်းတို့၏ဆွေမျိုးသားချင်း နေအိမ်များတွင် ယာယီနေရာချထားပေးခဲ့ကြောင်း သိရသည် ။

အဆိုပါမီးလောင်ကျွမ်းမှုဖြစ်စဉ်ကြောင့် နေအိမ်အားမီး ရှို့သူမောင်တို (ခ)ကျော်အောင် ၄၄နှစ်(ဘ) ဦးချစ်မောင် တောင်သူ ဘူတာစုကွက်သစ် ရပ်ကွက် မော်ဟန်ကျေးရွာ မိုးညှင်းမြို့နယ်နေသူအား မိုးညှင်းမြို့မ ရဲစခန်းမှ (ပ)၁၁၄/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ - ၄၃၆ ဖြင့် အရေးယူဆောင်ရွက် လျက်ရှိကြောင်းသိရသည် ။

Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ