ကျန်းမာရေး ဝန်ဆောင်မှု ပေးနေသူ (သို့) တောပန်းတစ်ပွင့်


ရိုးစင်းတဲ့ မျက်နှာထားနဲ့ စကားပြောရင် ဗမာစကားသံ မပီတစ်ပီ ကျေးလက်ဒေသမှာ ကျန်းမာရေးကုသမှုအတွက် တာဝန်ထမ်းဆောင်နေရတဲ့အချိန်တုန်းက ကြုံတွေ့ခဲ့ရတဲ့ ကျေးလက်ဒေသက လူတွေရဲ့ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ဗဟုသုတ အားနည်းတဲ့အပိုင်း၊ ကျန်းမာရေးကုသမှု လုပ်ဆောင်ရင်း ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲနဲ့ အမှတ်တရတွေကို ရှင်းပြရင်း ကျေးလက်ဒေသမှာ နေထိုင်ခဲ့တဲ့ အချိန်တွေကို ချက်ချင်းဆိုသလို ပြန်သတိရမိသွားတယ်ဆိုတာကို သတိ ထားမိခဲ့ပါတယ်။

လွေးကတေဲ,ညျေဲမ့် သူမသည် မြို့နဲ့ဝေးရာ မိသားစုနဲ့ဝေးရာ မိတ်ဆွေအပေါင်းအသင်းနဲ့ ဝေးရာ မြို့ပြတွေနဲ့ ဝေးကွာ တဲ့ တောင်ပေါ်ကျေးရွာတွေက ကျန်းမာရေးအထောက်အပံ့ သို့မဟုတ် ကျန်းမာရေးဝန်ဆောင်မှု လိုအပ်တဲ့ နေရာမှာ သူမ တတ်ကျွမ်းသလောက် ဆေးပညာနဲ့ သွားရောက် ကူညီပေးခဲ့တာဟာ ၅ နှစ်နီးပါးမျှ ကြာမြင့်ခဲ့ပါပြီ။

တောလက်ကျေးရွာတွေမှာ သာမန်မိန်းကလေးမပြောနဲ့ ယောကျာ်းလေးတွေအဖို့ နေထိုင်ပြီး ဆေးကုသပေးနိုင်ဖို့ဆို တာ တော်ရုံတန်ရုံလူအတွက်တော့ တစ်ကယ်ခက်ခဲတဲ့ အလုပ်တစ်ခုပါ။ သူမကတော့ ကျေးရွာပိုင်းက မရှိမဖြစ် လို အပ်ချက်တစ်ခုဖြစ်နေတဲ့ ဆေးကုသမှုကို လုပ်ရင်း တောတောင်ထဲမှာ ဘဝကို ဖြတ်သန်းနေပါတယ်။

"လူတစ်ယောက်ဖျားပြီဆိုရင် ဆေးဆရာမတွေကို လာမခေါ်ဘူး။ သူတို့ကိုယ်တိုင်ကုလို့ မသက်သာမှသာ ဆေးခန်းကို ရောက်လာတယ်။ ရွာမှာက လိပ်ပြာခေါ်တာတို့ မန်းမှုတ်ဆရာခေါ်တာတွေ လုပ်နေကြတဲ့ ရှေးရိုးစွဲအမြင်ကတော့ ရှိနေ တုန်းပဲ။ သူတို့အတွက် ကျန်းမာရေးဗသုတုတအပိုင်းတွေ ပြောင်းလဲလာအောင် ခက်ခက်ခဲခဲနဲ့ ဆွဲခေါ်နေရတဲ့အပိုင်း တွေ ရှိတယ်" လို့ ကျေးရွာပိုင်းက ရှေးရိုးဆေးကုသနည်းအကြောင်းကို ရှင်းပြပါတယ်။

"ကျေးရွာတော်တော်များများမှာ အစိုးရတွေရဲ့ ဆေးကုသမှု ကျန်းမာရေးဝန်ဆောင်မှုကို ဒေသခံတွေက သိပ်မရပါဘူး။ ပြီးတော့ တအာင်းလူမျိုးအချင်းချင်းဖြစ်နေတော့ ယုံကြည်မှု ပိုရှိတယ်။ သူတို့အတွက်လဲ ဒါက လိုအပ်တယ်လို့ မြင်လာ တော့ ဒီလိုဆေးကုသမှုတွေ လုပ်ပေးတာကို သူတို့အနေနဲ့က လက်ခံပါတယ်" လို့ ဆိုပါတယ်။

လွေးကတေဲ,ညျေဲမ့်ဟာ တအာင်းအမျိုးသမီးအဖွဲ့အစည်း(TWO)အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ၂ဝ၁၂ ခုနှစ်မှာ အဖွဲ့အစည်းထဲ ကို တိုးဝင်လာခဲ့ပါတယ်။ TWO အဖွဲ့အောက်မှာရှိတဲ့ စွမ်းရည်မြှင့်တင်ရေးဌာန၊ သုတေသနဌာနတွေလဲ ရှိပေမယ့် သူမ ကတော့ ကျန်းမာရေးဌာနမှာ လုပ်ကိုင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ကျန်းမာရေးဌာနရောက်ပြီးနောက်ပိုင်းမှာ ထိုင်း-မြန်မာ နယ်စပ် မယ်တော်ဆေးခန်း(သို့)ကျောင်းသားဆေးခန်းမှာ ဆေးသင်တန်း သွားရောက်သင်ယူခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ TWO နဲ့ TSYU ပူးပေါင်းပြီး လုပ်ဆောင်နေတဲ့ Ta'ang Health Care Group_THCG မှာ စ တင်ပြီး တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ တန့်ယန်း၊ မိုင်းယော်၊ မန်တုံမှာ အဖွဲ့နှစ်ဖွဲ့က ပူးပေါင်းပြီး ဖွင့်လှစ်ထားတဲ့ ကျေး လက်ကျန်းမာရေးဆေးခန်းတွေ ရှိပါတယ်။

ကိုယ့်ဒေသမှာ အစိုးရရဲ့ ကျန်းမာရေးထောက်ပံ့မှု မရှိတဲ့အတွက် လူထုတွေက ခံစားနေရတဲ့ ငွေကြေးပြဿနာ၊ အ သက်မဆုံးရှုံးသင့်ဘဲနဲ့ ဆုံးရှုံးလိုက်ရတဲ့ အခြေအနေတွေကို မြင်တွေ့ခဲ့ရတာကြောင့် ကျန်းမာရေးဌာနကို ရွေးချယ်ခဲ့တာ ဖြစ်တယ်လို့ လွေးကတေဲ,ညျေဲမ့်က ပြောပါတယ်။

"ကိုယ့်ဒေသမှာက အစိုးရရဲ့ ကျန်းမာရေးလက်လှမ်းမှီမှုက မရှိသလောက်ပဲ။ ဆေးကုဖို့ ငွေကြေးမကုန်သင့်ဘဲနဲ့ ကုန် နေတာတွေရှိတယ်။ တစ်ချို့ဆို အိမ်၊ ခြံတွေရောင်းပြီး ဆေးကုနေရတာရှိတယ်။ ပြီးတော့ မသေသင့်ဘဲနဲ့ သေသွားတာ တွေလဲ ရှိခဲ့တယ်။ သူတို့ကြုံတွေ့နေရတဲ့ ပြဿနာကိုသိထားတော့ ဒါလေးလုပ်လိုက်ရင် ကူညီပေးနိုင်မယ် ဖြည့်ဆည်း နိုင်မယ်ဆိုတာကို ယုံကြည်လို့ ဆေးလိုင်းကို ရွေးချယ်လိုက်တာပါ" လို့ သူမက ရှင်းပြပါတယ်။

ကျေးလက်ဒေသမှာတော့ ဘိုးဘွားစဉ်ဆက်ကတည်းက တိုင်းရင်းဆေးကုသနည်းတွေသာ သုံးလာတဲ့အတွက် ကျန်း မာရေးပိုင်းဆိုင်ရာ တစ်ခုခုဖြစ်ခဲ့ရင် ကိုယ့်နည်းကိုယ့်ဟန်သာ ကုနေတဲ့အတွက် ဆိုးကျိုးတွေလဲရှိနေဆဲဖြစ်ပါတယ်။ ကိုယ့်နည်းကိုယ့်ဟန်ကုသလို့မပျောက်မှသာ ဆေးခန်း ဒါမှမဟုတ် ဆေးရုံတွေကို ပို့ဆောင်ကုသရင်း အသက်ဆုံးရှုံး သွားတဲ့သူတွေ ရှိနေတာဘဲဖြစ်ပါတယ်။

လွေးကတေဲ,ညျေဲမ့်တာဝန်ကျတဲ့ မန်တုံမြို့နယ် မန်စပ်ကျေးရွာမှာက ဒေသခံတွေကတော့ အအေးမိ၊ တုပ်ကွေး၊ ဝမ်း ပျက်ဝမ်းလျှော၊ သွေးအားနည်း၊ ယာဉ်မတော်တဆမှုစတဲ့ ကျန်းမာရေးပြဿနာတွေသာ အများဆုံး ဖြစ်နေတယ်လို့ သိ ရပါတယ်။ ဖျားနာရင် လက်ဖျားထိပ်ကို သွေးဖောက်နေကျတဲ့သူတွေလဲ ယနေ့အချိန်ထိ ရှိနေတယ်လို့ သူမက ပြောပါ တယ်။

"အတွေ့အကြုံနဲနဲရှိတဲ့သူတွေကတော့ သူတို့ကလေးတွေ တစ်ခုခုဖြစ်ရင် ဆေးခန်းလာပြကြတယ်။ တစ်ချို့ကျတော့ မသက်သာမှ လာခေါ်တဲ့အပိုင်းရှိတယ်။ အရင်ကဆိုရင် လူက အခြေအနေဆိုးပြီ သေခါနီးဖြစ်နေမှ လာခေါ်တာရှိ တယ်။ ဒီနောက်ပိုင်းမှာ အသိပညာပေးတာတွေ လုပ်ပေးတော့ အရင်ကလိုတော့ အခြေအနေမဆိုးတော့ဘူး။ ၃၅ ရာ ခိုင်နှုန်းလောက်ပဲ ဆွဲခေါ်နိုင်တဲ့အပိုင်းရှိသေးတယ်" ဆိုပြီး ဒေသတွင်းက အခြေအနေကို ပြောပြပါတယ်။

"ဆေးကုတဲ့အပိုင်းမှာ အခက်အခဲကတော့ ကိုယ်က လူနာကို စိတ်ပူတယ်။ လွှဲပြောင်းပေးရမယ် နောက် အသက်အန္တ ရာယ်ရှိတဲ့အနေအထားမှာ မြို့ကိုသွားကုမှ သက်သာမယ်လို့ပြောရင် သက်ကြီးပိုင်းတွေက ဘာလို့ပို့မှာလဲ မြို့ကို ပို့ တိုင်း သက်သာလာတဲ့လူမရှိဘူးဆိုတဲ့ လူကြီးပြောစကားပဲ နာခံတဲ့အခါကြတော့ အခက်အခဲဖြစ်နေတုန်းပဲ။ မြို့ပေါ်ကို ပို့ချင်ရင်တောင်မှ လမ်းပန်းဆက်သွယ်ရေးနဲ့ ငွေကြေးအခက်အခဲလဲ သူတို့မှာ ရှိနေတုန်းပဲ" လို့ ပြောပါတယ်။


ကျေးလက်ဒေသမှာ ဆေးကုသရင်း ဒေသခံတွေနဲ့ ရံဖန်ရံခါမှာ အတိုက်အခံလုပ်နေရတာတွေလဲ ရှိနေဆဲဖြစ်တယ်လို့ သူမက ပြောပါတယ်။ ကျေးရွာပိုင်းမှာလဲ အစိုးရတပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အကြားမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲကြောင့်လဲ ကျေးလက်က လူတွေကို ဆေးကုသပေးတဲ့အချိန်မှာ စိုးရိမ်မှုရှိတဲ့အနေအထားတော့ ရှိနေဆဲဖြစ် တယ်လို့ ပြောပါတယ်။

တောင်ပေါ်ကျေးလက်က ဒေသခံတော်တော်များများဟာ ဆေးသောက်ရမှာကို ပျင်းရိပြီးတော့ ဆေးထိုးပေးတာကိုပဲ လက်ခံတဲ့ အခြေအနေဖြစ်တယ်လို့ သူမကပြောပါတယ်။

ကျေးလက်ဒေသမှာ လမ်းပန်းဆက်သွယ်ရေးအခက်အခဲတွေရှိတဲ့အလျောက် ဆေးကုသပေးရာမှာ လိုအပ်တဲ့ပစ္စည်း ကိရိယာတွေ မစုံလင်သလို၊ ငွေကြေးမလောက်ငှတဲ့ အခက်အခဲတွေလဲ ကြုံတွေ့နေရတယ်လို့ သူမကပြောပြပါတယ်။
ကျန်းမာရေးဝန်ထမ်းများအတွက် သွားလာစရိတ်တွေလည်း မလောက်တဲ့ အခြေအနေနဲ့ ကျန်းမာရေးဝန်ထမ်း(သို့ မဟုတ်)လူသားအရင်းအမြစ်များ မလုံလောက်တဲ့ အခက်အခဲတွေလဲ ရှိနေတယ်လို့ ဆိုပါတယ်။

"ဘတ်ဂျက်မရှိတဲ့အခါကျတော့ ကျန်းမာရေးမှာ အသုံးပြုမယ့် ပစ္စည်းကိရိယာတွေ မဝယ်နိုင်တဲ့ အနေအထားမျိုး ဖြစ် နေတယ်" ဆိုပြီး ပြောပါတယ်။

"ဒေသအခြေအနေ ငြိမ်းချမ်းတယ် နောက် ကိုယ်နေတဲ့ ဒေသက လူထုက ကိုယ့်ကိုယုံကြည်တယ် လက်ခံတယ်ဆိုရင် နေရတာ အဆင်ပြေပါတယ်။ အခုက ဒေသမှာက မငြိမ်မသက်ဖြစ်နေတယ်။ စစ်ပွဲတွေ မကြာခဏဖြစ်နေတယ်။ နေ သာ နေရတယ် စစ်ကြောင်းတွေ လာရင်တော့ စိုးရိမ်မှုတွေ များနေတာပေါ့။ တစ်ခါတစ်လေဆို စစ်ပွဲတွေကြားမှာ နေရ တယ်" လို့ သူမစိုးရိမ်နေရတဲ့ အခြေအနေကို ပြောပြပါတယ်။

ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ ဒေသခံတွေအတွက် ဆေးဝါးတစ်ချို့တွေ ထောက်ပံ့ပေးသလို အမျိုးသမီးနဲ့ပတ်သက် တဲ့ ကျန်းမာရေးအသိပညာပေးတာ၊ မွေးစာရင်းကောက်တာ၊ သန်ချဆေး၊ မျက်စိအားဆေးစတဲ့ ကျန်းမာရေး ဝန် ဆောင်မှုတွေကို အလျဉ်းသင့်သလို လုပ်ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။

"လူထုတွေရဲ့ ကျန်းမာရေး အသိပညာပိုင်း လက်ခံမှုက များလာပါပြီ။ ပြောဆိုစည်းရုံးရတာလဲ လွယ်ကူလာပါပြီ။ မိုင်း ယော်နဲ့ တန့်ယန်းဘက်မှာက ဝမ်းစာရေးအတွက်ဘဲ ရုန်းကန်နေရတော့ လက်တွဲခေါ်ရတာ ခက်ခဲတဲ့အပိုင်းတွေရှိသလို တစ်ချို့ဆို မွေးကတည်းကနေ အသက်ကြီးတဲ့အထိ ဆေးမထိုး မသောက်ဖူးတဲ့သူတွေ ရှိနေတုန်းပဲလေ" ဆိုပြီး သူမ ပြောပါတယ်။

ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းကို လုပ်ပေးနေတဲ့ သူမအဖို့ ဝါသနာပါတဲ့အလုပ်လဲဖြစ်သလို မိသားစုကလဲ ကန့်ကွက် တာမရှိဘဲ အားပေးနေတဲ့အတွက် ဆက်လက်လုပ်ဆောင်သွားမယ်လို့ လွေးကတေဲ,ညျေဲမ့်က ပြောပါတယ်။

မိုင်းဆမံန်းခြိုဝ်း (လှံင်းရူကော)
Photo- Lway Moemakha
Marnagar News Journal
https://www.facebook.com/marnagarnewsjournal
ကျန်းမာရေး ဝန်ဆောင်မှု ပေးနေသူ (သို့) တောပန်းတစ်ပွင့် ကျန်းမာရေး ဝန်ဆောင်မှု ပေးနေသူ (သို့) တောပန်းတစ်ပွင့် Reviewed by THITHTOOLWIN on 08:58 Rating: 5
Powered by Blogger.