ကိုးကန့်စော်ဘွား ယန်ကျင့်ဆိုင်၏ ညီမဖြစ်သူ ရန်ကျဉ်ရှုပ် အသုဘအခမ်းအနားကို မူဆယ်တွင် ပြုလုပ်


ဇူလိုင် ၂၆ရက်၊ မားနဂါး၊ မူဆယ်။

ကိုးကန့်စော်ဘွား ယန်ကျင့်ဆိုင်၏ ညီမဖြစ်သူ အသက် ၉၁ နှစ်ရှိသည့် ရန်ကျဉ်ရှုပ်သည် ရှမ်းပြည်နယ်မြောက်ပိုင်း မူ ဆယ်တွင် ပြီိးခဲ့သည့် ဇူလိုင် ၁၃ ရက်တွင် သေဆုံးခဲ့ပြီး အသုဘအခမ်းအနားကို ၁၀ ရက်ကျော်အကြာ ကျင်းပခဲ့ပြီး ဇူ လိုင် ၂၅ ရက်တွင် သဂြိုလ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ အသုဘအခမ်းအနားကို မြန်မာနိုင်ငံရှိ ကိုးကန့်တိုင်းရင်းသားများအပါအဝင် ကိုးကန့်စာပေယဉ်ကျေးမှု၊ ကိုး ကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီး၊ နယ်ခြားစောင့်တပ်နှင့် ကိုးကန့်ပြည်သူ့စစ်များ တက်ရောက်ခဲ့ကြသည်။

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဌဖြစ်သူ ဦးတျောက်တေချန်က “သူဆုံးတာက ပြီးခဲ့တဲ့ ဇူလိုင် ၁၃ ရက်ကပါ။ အသက်အရွယ်ကြီးသွားပြီ သူအသက် ၉၁နှစ်ရှိပြီလေ။ ကိုးကန့်တွေအပေါ် သူ့ကျေးဇူးတွေ အများကြီးရှိတယ်။ လွတ် လပ်ရေးရပြီးချိန်မှာ ကိုးကန့်ဒေသမှာ ဘိန်းအစား ကြံခင်းတွေ လက်ဖက်တွေ သီးနှံတွေ မစိုက်မနေရ သူအမိန့်ထုတ်ခဲ့ တယ်။ အခုကိုးကန့် လက်ဖက်ခြောက်တွေ အောင်မြင်တာ သူ့ကြောင့်ကိုး။ အဲတုန်းက ပညာရေးကိုလည်း သူတော် တော်လုပ်ခဲ့တယ်။ အခုအသက်ကြီးတဲ့လူတွေ ပညာတက်တယ်ဆိုတာ သူနဲ့ သူ့အစ်ကို လက်ထက်ကြောင့်လေ” ဟု ပြောသည်။

ကိုးကန့်စော်ဘွား ယန်ကျင့်ဆိုင်နှင့် ညီမဖြစ်သူ ရန်ကျည်ရှုပ်တို့ အုပ်ချုပ်စဉ်ကာလအတွင်း လော်စစ်ဟန်အပါအဝင် ကိုးကန့်အများစုသည် ပညာရေးကို ကောင်းစွာလေ့လာခွင့်ရရှိခဲ့ပြီး ယခုလက်ရှိ သက်ကြီးရွယ်အိုပညာတတ် အများ စုသည်လည်း ထိုယန်ကျင့်ဆိုင်နှင့် ရန်ကျဉ်ရှုပ်တို့ လက်ထက်တွင်ဖြစ်ကြောင်း ဦးတျောက်တေချန်က ပြောသည်။

စော်ဘွား၏ ညီမဖြစ်သူ ရန်ကျဉ်ရှုပ်ကို ကိုးကန့်အများစုက ဘုရင်မကဲ့သို့ပင် တင်စားခေါ်ဝေါ်နေကြောင်း လောက် ကိုင်မြို့နယ်နေ ဒေသခံတစ်ဦးဖြစ်သူက ပြောသည်။

“အရင်တုန်းက ဦးလော်စစ်ဟန်တို့တောင်မှ သူ့စီမှာပဲ အလုပ်လုပ်ခဲ့တာလေ။ အဲတုန်းက သူ့ကလုံခြုံရေး ယူပေးရတာ။ အဲချိန်တုန်းက သူက ကလေးတွေကို ပညာရေးတိုးတက်လာစေဖို့ ကျောင်းတွေဆောက်ပေးခဲ့တယ်။ ပြီးတော့ ဘိန်းအ စားထိုးလုပ်ငန်းကိုလည်း အင်တိုက်အားတိုက် လုပ်ခဲ့တယ်။ အခုကတော့ အသက် ၉၁ နှစ်မှာ ဆုံးတယ်။ ခုထိ ကိုးကန့် တွေတော့ သူ့ကို ဘုရင်မလိုတောင် တင်စားထားတယ်” ဟု ပြောသည်။

ရန်ကျဉ်ရှုပ်သည် ၁၉၂၇ ခုနှစ်တွင် မွေးဖွားခဲ့ပြီး ၁၉၅၂ ခုနှစ်မှ ၁၉၆၂ ခုနှစ် ဆယ်စုနှစ်တစ်ခုအထိ စော်ဘွားအမွေများ ကို ဆက်ခံခဲ့ပြီး ကိုးကန့်ဒေသကို အုပ်ချုပ်ခဲ့ကာ ယခု အသက် ၉၁ နှစ်အရွယ် မူဆယ်မြို့ သူ၏သားတော်နေအိမ်တွင် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

Photo- Wechat
Marnagar News Journal
https://www.facebook.com/marnagarnewsjournal
ကိုးကန့်စော်ဘွား ယန်ကျင့်ဆိုင်၏ ညီမဖြစ်သူ ရန်ကျဉ်ရှုပ် အသုဘအခမ်းအနားကို မူဆယ်တွင် ပြုလုပ် ကိုးကန့်စော်ဘွား ယန်ကျင့်ဆိုင်၏ ညီမဖြစ်သူ ရန်ကျဉ်ရှုပ် အသုဘအခမ်းအနားကို မူဆယ်တွင် ပြုလုပ် Reviewed by THITHTOOLWIN on 21:04 Rating: 5
Powered by Blogger.