မိုးသည်းထန်စွာ ရွာသွန်း၍ ရထားလမ်း ရေကျော်


ကျိုက်ထို ဇူလိုင် ၂၁

ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်ကျေးရွာတွင် ဇူလိုင် ၂၁ ရက်၊ နံနက် ၂ နာရီ ကျော်ခန့်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရန်ကုန်-မော်လမြိုင်ရထားလမ်း မိုင်တိုင်အမှတ် ၇၇/၁၄နှင့် ၇၇/၂၀ အကြား ရထားသံလမ်းပေါ်သို့ ရေအမြင့် ၂ ပေခွဲခန့် ရေကျော်မှု ဖြစ်ပေါ်ခဲ့သည်။

အဆိုပါရေကျော်မှုကြောင့် မော်လမြိုင်ဘူတာမှ ထွက်ခွာလာသော အမှတ် (၃၆) အစုန် မော်လမြိုင်-ရန်ကုန် ခရီးသည်တင် ရထား စက်ခေါင်းအမှတ် DF-1327 စက်ခေါင်းမောင်း ဦးအောင်ဇော်ထွဋ် ရထားထိန်း ဦးစိန်သောင်းတို့ တာဝန်ယူ မောင်းနှင်လာသည့် ရထားသည် ရေကျော်မှု ဖြစ်ပွားရာ အနီးတွင် ရေကျချိန်အား စောင့်ဆိုင်းလျက်ရှိကြောင်း သိရသည်။

အလားတူ ရန်ကုန်-မော်လမြိုင်ကားလမ်း၊ မရမ်းချောင်းစစ်ဆေးရေးစခန်းရှေ့ မိုင်တိုင်အမှတ် ၉၆/၂ နှင့် ၉၆/၅ အကြား ရေ(၁)ပေခန့်မြင့်တက်ပြီး ကားလမ်းအား ရေကျော်လျက်ရှိကြောင်းသိရသည်။

မြို့နယ်ပြန်/ဆက်
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
မိုးသည်းထန်စွာ ရွာသွန်း၍ ရထားလမ်း ရေကျော် မိုးသည်းထန်စွာ ရွာသွန်း၍ ရထားလမ်း ရေကျော် Reviewed by THITHTOOLWIN on 16:10 Rating: 5
Powered by Blogger.