နေပြည်တော်၊ ဇူလိုင် ၁၄။
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး အပြောင်းအရွှေ့ရှိသည်ဟု သတင်းများထွက်နေပြီး ထိုကာလမှာပင် ၀န်ကြီး ခေတ္တအနားယူမှုနှင့် တိုက်ဆိုင်ခဲ့သည်။
ဝန်ကြီး ဦးဖေဇင်ထွန်းသည် ကျန်းမာရေးအခြေအနေကြောင့် ရန်ကုန်တွင် ဆေးဝါးကုသနေခြင်းသာဖြစ်ပြီး ထွက်ပေါ်နေသည့် သတင်းများမှာ မဟုတ်မမှန်ကြောင်း အမြဲတမ်းအတွင်းဝန် ဦးဌေးအောင်က ပြောသည်။
“ကျနော်တို့ဝန်ကြီး ရန်ကုန်မှာ ကျန်းမာရေးအခြေအနေကြောင့် ဆေးသွားကုနေတာပါ။ ခွင့် တလယူပြီးတော့။ ခွင့်ပြည့်ရင် ပြန်တာဝန်ထမ်းဆောင်မှာပါ။ ဒါပဲ ကျနော်သိတယ်။ ကျန်တာတွေက ကော်လဟာလပါ”ဟု ဦးဌေးအောင်က ပြောသည်။
လက်ရှိတွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနကို ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်မှ တာဝန်ယူဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရှိရသည်။
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ကျန်းမာရေးသက်သာပြီး ခွင့်ပြည့်ပါက တာဝန်ပြန်လည် တမ်းဆောင်မှာဖြစ်သည်။
ကြယ်စင်ခ (နေပြည်တော်)
Central News Myanmar
https://www.facebook.com/CNMyanmar/
လျှပ်စစ်နှင့်စွမ်းအင် ၀န်ကြီး အပြောင်းအလဲ သတင်းမဟုတ်ကြောင်း အမြဲတမ်းအတွင်းဝန်ပြော
Reviewed by THITHTOOLWIN
on
16:34
Rating:
