သယံဇာတတွေ တရားမဝင်တူးဖော် တဲ့ကိစ္စ ကြပ်မတ်ပေးဖို့ အဆိုတင်

တနိုင်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလင်းလင်းဦး ကို ပြည်သူ့လွှတ်တော်မှာ ဇူလိုင်လ ၁၃ ရက်နေ့က တွေ့ရစဉ်။ Photo: Win Naung Toe/RFA
ကချင်ပြည်နယ် တနိုင်းမြို့နယ်နဲ့ ဖားကန့်မြို့နယ်တွေမှာ တရားမဝင်ရွှေမှော်၊ ပယင်းမှော်တွေ တူးဖော် နေမှုများကို ယခုကဲ့သို နောင်အခါမှာ မဖြစ်ရအောင် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ၀န်ကြီးဌာနနဲ့ ကချင်ပြည်နယ်အစိုးရတို့က ထိထိရောက်ရောက် ကြပ်မတ်ဆောင်ရွက်ပေးနိုင်ပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို ပြည်သူ့လွှတ်တော်မှာ ဆွေးနွေးဖို့ အတည်ပြု လိုက်ပါတယ်။

တနိုင်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးလင်းလင်းဦး က နိုင်ငံတော်ရဲ့သယံဇာတတွေ မဆုံးရှုံးဖို့နဲ့ နယ်မြေဒေသတည်ငြိမ်းရေးမထိခိုက်စေရေးတို့အတွက် တနိုင်းမြို့နယ်နဲ့ ဖားကန့်မြို့နယ် တို့အတွင်းမှာရှိတဲ့ တရား မဝင်ရွှေမှော်နဲ့ ပယင်းမှော်တွေ တူးဖော်နေတာကို ဖွဲ့စည်းပုံအခြေခံဥပဒေအရ မူဝါဒတစ်ရပ် ချမှတ်ဖို့ လိုအပ်နေ ပြီဖြစ်ကြောင်း အဆိုတင်သွင်းစဉ်မှာ အခုလိုပြောဆိုသွားတာပါ။

ဖားကန့်မဲဆန္ဒနယ်က လွှတ်တော်ကိုယ်စားလှယ် ဦးတင့်စိုး က ရွှေမှော်နဲ့ ပယင်းမှော်တွေမှာ အလုပ် လုပ်နေကြတဲ့ လူဦးရေဟာ သိန်းနဲ့ချီရှိကြောင်း တရားမဝင်ဘူးဆိုပြီး နယ်မြေရှင်းလင်းတဲ့အတွက် ပြည်သူတွေ ဒုက္ခရောက် ကြကြောင်း ဒါကြောင့် တရားဝင်တူးဖော်လုပ်ကိုင်ခွင့်ရရှိဖို့ ပြည်ထောင်စု အစိုးရနဲ့ ပြည်နယ်အစိုးရတို့ ညှိနှိုင်းတိုင် ပင်ပြီး လုပ်ဆောင်ပေးသင့်ကြောင်း အဆိုကိုထောက်ခံဆွေး နွေးသွားပါတယ်။

တနိုင်းမဲဆန္ဒနယ်က ဦးလင်းလင်းဦး တင်သွင်းတဲ့အဆိုကို ကန့်ကွက်တဲ့သူမရှိတာကြောင့် အဆိုကို လွှတ်တော် မှာဆွေးနွေးဖို့ လက်ခံလိုက်ပြီး ဆွေးနွေးမယ့် ကိုယ်စားလှယ်တွေအနေနဲ့ မနက်ဖြန်နောက်ဆုံး စာရင်းပေးရမှာဖြစ် ပါတယ်။

RFA Burmese
http://www.rfa.org/burmese
သယံဇာတတွေ တရားမဝင်တူးဖော် တဲ့ကိစ္စ ကြပ်မတ်ပေးဖို့ အဆိုတင် သယံဇာတတွေ တရားမဝင်တူးဖော် တဲ့ကိစ္စ ကြပ်မတ်ပေးဖို့ အဆိုတင် Reviewed by THITHTOOLWIN on 20:35 Rating: 5
Powered by Blogger.