ကိုးကန့်စစ်ဦးစီးချုပ်ဟောင်း ဖုန်ကြားဖူးကွယ်လွန် သျှမ်း - တရုတ် နယ်စပ်တွင် သဂြိုလ် - မဟာမိတ်တပ်ဖွဲ့ဝင်များ ခေါင်းဆောင်များ တက်ရောက်
ဂျူလိုင် ၄ ရက် ၂၀၁၇
ကိုးကန့် တပ်ဖွဲ့ ခေါင်းဆောင် ဖုန်ကြားရှင်း၏ညီ သျှမ်းပြည်အရှေ့ပိုင်း တရုတ်နယ်စပ်၌ ကွယ်လွန်သည့် ကိုးကန့်တပ်မတော် စစ်ဦးစီးချုပ်ဟောင်း ဖုန်ကြားဖူး ၏ ရုပ်အလောင်းအား ယနေ့ မီးသဂြိုလ်ရာမှာ မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့ဝင်များ၊ ခေါင်းဆောင်များ တက်ရောက်ပို့ဆောင် သည်ဟုသိရသည်။
အသက် ၈၀ ရှိ ဖုန်ကြားဖူး၏ ဈာပန အခမ်းအနားသို့ NDAA မိုင်းလားေ ခါင်းဆောင်၊ UWSA ၀ ခေါင်းဆောင်၊ သျှမ်းပြည် တပ်မတော်(၀မ့်ဟိုင်း) SSPP/SSA ခေါင်းဆောင်၊ ရခိုင့်တပ်မတော် AA ခေါင်းဆောင်၊ တအာင်း (ပလောင်) TNLA ခေါင်းဆောင်ပိုင်းများ တက်ရောက်သည့်အပြင် ၄င်းတို့တပ်ဖွဲ့ဝင်များလဲ အင်အားဖြည့်ကာ ဖုန်ကြားဖူးအား နောက်ဆုံး ဂါရ၀ ပြုကြသည်ဟု ဆိုသည်။
![]() |
Photo: ဖုန်ကြားဖူး၏ဈာပနအခမ်းအနားနှင့် အခမ်းအနားတက်ရောက်လာသည့် ဧည့်သည်တော်တချို့ |
MNDAA ခေါင်းဆောင်တဦးဖြစ်သည့် ဖုန်းကြားဖူးသည် ဂျွန် ၂၁ ရက်နေ့ တွင် သက်ကြီးရောဂါ အဆုတ်တီဘီရောဂါ ဖြင့် ကွယ်လွန်ခဲ့ခြင်ြး ဖစ်ကြောင်း NDAA-ESS မှ မိုင်းလားအရှိတဦးကလည်း အတည်ပြု ပြောဆိုပါသည်။
စစ်ရေးကျွမ်းကျင်သည့် ဦးဖုန်ကြားဖူးသည် ၁၉၃၇ နှစ်တွင်မွေးဖွားပြီး ဗိုလ်ချုပ်နေ၀င်း အာဏာသိမ်းချိန် ၁၉၆၂ ခုနှစ်မှစ၍ ကိုးကန့်တော်ဝင် မိသားစု နှင့် ပူးပေါင်းကာ တော်လှန်ရေးခရီးစတင်ခဲ့သူဖြစ်သည်။
သျှမ်းပြည်နယ် အတွင်း ကွန်မြူနစ်ပါတီ အင်အာကြီးထွားလာချိန်တွင် တပ်ရင်းမှူးအဆင့်၊ တပ်မဟာမှူးအဆင့် ရာထူးများ ထမ်းရွက်ခဲ့သည်။
ဗမာပြည်ကွန်မြူနစ်ပါတီ ကိုးကန့်တပ်ဖွဲ့ဝင်များခွဲထွက်ချိန်မှ စ၍ ကိုးကန့်တပ်ဖွဲ့တွင် စစ်ရေးအကြီးအကဲ၊ စစ်ဦးစီးချုပ် စသည့်တာဝန်များ ထမ်းရွက်ခဲ့သည်။
သျှမ်းသံတော်ဆင့်
Panglong(Burmese)
https://www.facebook.com/Panglong.burmese/
ကိုးကန့်စစ်ဦးစီးချုပ်ဟောင်း ဖုန်ကြားဖူးကွယ်လွန် သျှမ်း - တရုတ် နယ်စပ်တွင် သဂြိုလ် - မဟာမိတ်တပ်ဖွဲ့ဝင်များ ခေါင်းဆောင်များ တက်ရောက်
Reviewed by THITHTOOLWIN
on
22:23
Rating:
