မီးပျက်လို့ တိုင်းအစိုးရအဖွဲ့ကို ထားဝယ်ကျောင်းသား ကျောင်း သူတွေ ဆန္ဒပြ

တိုင်းအစိုးရအဖွဲ့ရုံးရှေ့မှာ ဇူလိုင်လ ၁၀ ရက်နေ့ညက ဒေသခံတွေ ဖယောင်းတိုင်မီးထွန်းဆန္ဒပြခဲ့စဉ်။ Photo: Wai Phyo Facebook
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်အတွင်း လျှပ်စစ်မီးမကြာခဏပျက်တာကြောင့် ပုဂ္ဂလိက ကုမ္ပဏီထံ မီးဖြန့်ဝေခွင့်ပေးထားတဲ့ တိုင်းဒေသကြီးအစိုးရကို မနေ့ညက ဒေသခံကျောင်းသား ကျောင်းသူ ၅ဝလောက်က တိုင်းအစိုးရအဖွဲ့ရုံးရှေ့မှာ ဖယောင်းတိုင်မီးထွန်းပြီး ဆန္ဒပြကြပါတယ်။

တိုင်းဒေသကြီးအစိုးရက မီးပုံမှန်လာဖို့ တစ်ပတ်အတွင်းဆောင်ရွက်ပေးမယ်လို့ ပြောပေမယ့် မီးအကြိမ်ကြိမ် ပျက်နေတာကြောင့် အခုလိုဆန္ဒပြတာလို့  ထားဝယ်ကျောင်းသားသမဂ္ဂအဖွဲ့က ကိုမင်းလွင်ဦးက ပြောပါတယ်။

ဇူလိုင်လ ၁ ရက်နေ့ကစပြီး Globel Grand ကုမ္ပဏီက ၁၂ မဂ္ဂါဝပ်အထိ ထုတ်လုပ်ကာ ထားဝယ်အများပိုင်ကုမ္ပဏီ (DDPC)က ထားဝယ်ခရိုင်ရှိ ရေဖြူ၊ သရက်ချောင်း၊ ထားဝယ်နဲ့ လောင်းလုံမြိုတွေကို လျှပ်စစ်မီးဖြန့်ဖြူးခွင့် ၆လ ရရှိ ထားတာဖြစ်ပါတယ်။

ဒါပေမယ့် လျှပ်စစ်မီးစတင်ဖြန့်ဝေပေးတဲ့နေ့ကစပြီး နေ့စဉ်နာရီပေါင်းများစွာ ပြတ်တောက်နေတယ်လို့ ဆန္ဒပြ သူတွေ က ပြောပါတယ်။

လျှပ်စစ်မီးဖြန်ဖြူးခွင့်ရရှိထားတဲ့ DDPC ကုမ္ပဏီဟာ ပြီးခဲ့တဲ့အစိုးရလက်ထက်ကစပြီး ၂ဝ၁၇ ဇွန်လကုန်အထိ ထားဝယ်မြို့ကို မီးပေးခွင့်ရရှိခဲ့တာဖြစ်ပါတယ်။

ထားဝယ်ခရိုင်ရှိ မြို့လေးမြို့ကို အရင်က ကံပေါက်ဓာတ်အားပေးစက်ရုံကနေ  ထိုင်းနိုင်ငံအခြေစိုက် Andaman Power and Utility (APU)ကုမ္ပဏီက ဂတ်စ်အင်ဂျင် ၆လုံးကို ပြီးခဲ့တဲ့အစိုးရလက်ထက်က ငှားရမ်းကာ ဓာတ်အား ထုတ်လုပ်ပြီး တစ်ယူနစ်ကို ကျပ် ၃ဝဝနဲ့ ဖြန့်ဖြူးပေးနေတာဖြစ်ပါတယ်။

ဇူလိုင်လ ၁ ရက်နေ့ကစပြီး Globel Grand ကုမ္ပဏီက လျှပ်စစ်ထုတ်လုပ်ကာ DDPC ကုမ္ပဏီကနေ တစ်ယူနစ် ကျပ် ၂၁ဝ နဲ့ ဖြန့်ဖြူးပေးနေတာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
မီးပျက်လို့ တိုင်းအစိုးရအဖွဲ့ကို ထားဝယ်ကျောင်းသား ကျောင်း သူတွေ ဆန္ဒပြ မီးပျက်လို့ တိုင်းအစိုးရအဖွဲ့ကို ထားဝယ်ကျောင်းသား ကျောင်း သူတွေ ဆန္ဒပြ Reviewed by THITHTOOLWIN on 19:16 Rating: 5
Powered by Blogger.