ကျိုင်းတုံ ဇူလိုင် ၁၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ ကျိုင်းတုံမြို့မရဲစခန်း၌ လူကုန်တားဥပဒေပုဒ်မအမှုဖြင့် အမျိုးသမီးအချုပ်ခန်းအတွင်း ချုပ်နှောင် ထားရှိသော တရားခံ အမျိုးသမီး တစ်ဦး ကြိုးဆွဲချသေဆုံးသည့် ဖြစ်စဉ် ဇူလိုင် ၉ ရက် နံနက် ၄ နာရီက အဆိုပါအချုပ်ခန်းအတွင်း ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အခင်းဖြစ်နေရာသို့ မြို့နယ်တရားသူကြီး ဦးမြင့်သိန်း၊ ကျိုင်းတုံခရိုင်ရဲ တပ်ဖွဲ့မှူး ဒုရဲမှူးကြီး မြင့်ဆွေဦးနှင့် ရဲတပ်ဖွဲ့တာဝန်ရှိသူများသည်သက်သေ များနှင့်အတူ စစ်ဆေးရာ ကျိုင်းတုံမြို့မရဲစခန်း၌ လူကုန်ကူးမှုတားဆီး ကာ ကွယ်ရေးဥပဒေပုဒ်မဖြင့် အမျိုးသမီးအချုပ်ခန်းအတွင်း ချုပ်နှောင်ထားသည့် မအားဒေ့ (၄၀ နှစ်) ဟာ၊ ယန်းလူးလမ်းခွဲ အာခါရွာ၊ မိုင်းဇင်းအုပ်စု၊ ကျိုင်းတုံ မြို့ နေသူဖြစ်ပြီး ၄င်းသည် ဂါဝန်အင်္ကျီအားစုပ်ဖြဲပြီး ကြိုးကျစ်၍ အမြင့် ၁၀ ပေ ခန့် ရှိ အချုပ်ခန်း အမိုးပေါ်သို့ အမြင့် ငါးပေကျော်ခန့်ရှိ ဗူးဝတံခါးပေါ် တက်ပြီး သံတိုင်ချည်နှောင်ပြီး လည်ပင်းကို ကြိုးကွင်းစွပ်လျက် လက်နှစ် ဖက်အတွင်းသို့ဆုပ်၊ လျှာအနည်းငယ်ထွက် လျက်ကြိုးဆွဲချ သေဆုံးနေ
တယ်လို့ ရဲစစ်ဆေးချက် မှတ်တမ်းအရ သိရပါတယ်။
သေဆုံးသူ မအားဒေ့ဟာ ကျိုင်းတုံမြို့၊ ရပ်ကွက်(၁)၊ စိန်ဂျိုးဇက်ရွာနေ မိန်းကလေးငယ် နှစ်ဦးကို မိုင်းလားမြို့မှာ အိမ်ဖော်လုပ်ငန်းတွေ ဝင်ငွေကောင်းကြောင်း၊ ခရီးစရိတ်အကုန်အကျခံပြီး မိုင်းလားမှာ အလုပ် ရှာပေးမည်ဟု ပြေဆိုစည်းရုံးပြီး တရုတ်အမျိုးသားများနှင့် လက်ထပ်ပေါင်း သင်း ရန်အတွက် အခကြေးငွေ ရယူရောင်းစားမှုဖြင့် ဇူလိုင် ၈ ရက်နေ့တွင် ရဲအုပ်အောင်ကျော်ဇင်မှ တရားလိုပြုလုပ်တိုင်တန်းပြီး ကျိုင်းတုံမြို့မရဲစခန်း က (ပ)၁၁၃/၂၀၁၇၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄/၃၂ အမှုဖြင့် အရေးယူဆောင်ရွက်ထားစဉ် ဇူလိုင် ၉ ရက်နေ့ နံနက် ၄ နာရီတွင် အချုပ်ခန်းအတွင်း ယင်းကဲ့သို့ မိမိကိုယ် ကြိုးဆွဲချ သေဆုံးခဲ့တယ်လို့ သိရ ပါတယ်။
သေဆုံးသူ မအားဒေ့အား မှုခင်းဆေးစာဖြင့် ကျိုင်းတုံဆေးရုံကြီးသို့ ပို့အပ်၍ သေဆုံးမှုနှင့် ပတ်သက်ပြီး ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မ ဟုတ် စုံစမ်းစစ် ဆေးနိုင်ရန် ကျိုင်းတုံမြို့မးခန်းမှူး ဒုရဲမှူး သန်းထွန်းအောင် မှ သေမှုသေခင်း အမှတ်စဉ် (၂၀/၂၀၁၇)ရေးဖွင့် ဆောင်ရွက်ထားကြောင်း ကျိုင်းတုံမြို့မရဲစခန်းမှ သိရပါတယ်။
မြင့်မိုရ်(တာချီလိတ်)
ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews
ကျိုင်းတုံ အချုပ်ခန်းအတွင်း တရားခံအမျိုးသမီး တစ်ဦး ကြိုးဆွဲချသေဆုံး မှုဖြစ်ပွား
Reviewed by THITHTOOLWIN
on
06:15
Rating:
