ကမ်းထောင့်ကြီး၊ ဇူလိုင် ၁၇
ရခိုင်ပြည်နယ် ကမ်းထောင့်ကြီးမြို့ အထကကျောင်းတွင် ယနေ့ ဇူလိုင်လ ၁၇ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်က ကျောင်းသားအချင်းချင်း ဓားထိုးမှုဖြစ်ပွားခဲ့ကြောင်း ကမ်းထောင့်ကြီး မြို့ရဲတပ်ဖွဲ့မှူးရုံး အရာရှိတစ်ဦးက DMG သို့ အတည်ပြုပြောဆိုသည်။
ဖြစ်စဉ်မှာ ယမန်နေ့က ဘောလုံးကစားကြရာ အချင်းများပြီး ကျေနပ်မှုမရှိတာကြောင့် ဒီကနေ့မှာ ခေါက်ချိုး ခလုတ်ဖိဓားဖြင့် ထိုးခဲ့ခြင်းဖြစ်ဖြစ်ပြီး အထိုးခံရသူမှာ န၀မတန်းကျောင်းသား မောင်ချမ်းလင်းထွန်း (၁၅) နှစ်ဖြစ်ကာ ခေါက်ချိုးဓားဖြင့် ထိုးခဲ့သူမှာ ဒသမတန်းကျောင်းသား မောင်မောင်ကြီး (၁၆) နှစ်ဖြစ်ကြောင်း ၄င်းရဲအရာရှိက ပြောသည်။
ယခုဖြစ်စဉ်မှာ ဆရာဆရာမများ အစည်းဝေးသွားနေချိန် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ခတ္တကျောင်းအုပ်အဖြစ် တာဝန်ယူထားသူ ဆရာကြီး ဦးထွန်းမြင့်စိုးက ကျောင်းသားများ အချင်းချင်းဖြစ်တာကြောင့် ကျောင်းတွင်သာ ပြေလည်အောင် ဖြေရှင်းမည်ဆိုသောကြောင့် အရေးယူ ဆောင်ရွက်မှု တစ်စုံတစ်ရာ မလုပ်သေးကြောင်းလည်း ပြောဆိုထားသည်။
လက်ရှိမှာ ဒါဏ်ရာရရှိသူ မောင်ချမ်းလင်းထွန်မှာ ကမ်းထောင့်ကြီး ဆေးရုံတွင်ဆေးကုသမှု ခံယူနေပြီး စိုးရိမ်စရာ မရှိကြောင်းလည်း ရဲအရာရှိ၏ ပြောကြားချက်အရ သိရသည်။
သားသျှေလေး၊ DMG
Development Media Group
https://www.facebook.com/dmgnewsagency/
ကမ်းထောင့်ကြီးမြို့ အထက ကျောင်းတွင် ကျောင်းသားအချင်းချင်း ဓားထိုးမှုဖြစ်ပွား
Reviewed by THITHTOOLWIN
on
14:57
Rating:
