ရေးမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရထားလမ်းပေါ် မြေဖုံးလွှမ်းမှု ဖြစ်ပွားခဲ့

တနသာင်္ရီတိုင်းဒေသကြီးရှိ ရထားသံလမ်းတစ်ခုအားတွေ့ရစဉ် (ဓာတ်ပုံ--အင်တာနက်)
    ရန်ကုန်၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ)

    တနသာင်္ရီတိုင်းဒေသကြီး ရေးမြို့နယ်၊ ကိုးမိုင်ကျေးရွာအုပ်စု ကိုးမိုင်-ပေါက်ပင်ကွင်းရထားလမ်းပိုင်းမိုင်တိုင် ၂၈၁/၂၂-၂၃ အကြားတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ပြိုမှု ဖြစ်ပွားခဲ့ရာ ရထားသံလမ်းပေါ်သို့ အလျား(၂၁) ပေ ၊ အမြင့်(၆)ပေခန့် မြေကြီးများ ဖုံးလွှမ်းခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်သည်။

ဇူလိုင် ၁၉ ရက် ညနေ(၄)နာရီတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ထိုကဲ့သို့ မြေကြီးများဖုံးလွှမ်းခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။ ရထားသံလမ်းပေါ်သို့ မြေကြီးများ ဖုံးလွှမ်းခဲ့ရာ ရေးမြို့နယ်မှထားဝယ်မြို့  သို့ ထွက်ခွာသွားသော ရန်ကုန်-ထားဝယ် ၁၇၅ အဆန်ရထားသည် ဆက်လက်ထွက်ခွာ၍ မရသဖြင့် ကိုးမိုင်ဘူတာသို့ ပြန်လှည့်ခဲ့ရကြောင်း၊ အဆိုပါနေရာသို့ သက်ဆိုင်ရာတာဝန်ရှိသူများ  သွားရောက်ကူညီရှင်းလင်းဖယ်ရှားပေးကာ ည(၁၁)နာရီတွင် ထားဝယ်မြို့သို့ ဆက်လက် ထွက်ခွာခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

(Xinhua)
http://www.xinhuamyanmar.com
ရေးမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရထားလမ်းပေါ် မြေဖုံးလွှမ်းမှု ဖြစ်ပွားခဲ့ ရေးမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရထားလမ်းပေါ် မြေဖုံးလွှမ်းမှု ဖြစ်ပွားခဲ့ Reviewed by THITHTOOLWIN on 15:57 Rating: 5
Powered by Blogger.