နိရဉ္စရာ၊ ဇူလိုင် ၂၂
ရခိုင်ပြည်နယ် တောင်ကုတ်မြို့ ရပ်ကွက်အတော်အတော်များတွင် မိုးရွာပြီး ရေများ မြေနိမ့်ပိုင်းသို့ ၀င်ရောက်လာသဖြင့် လက်လုပ် လက်စား ပြည်သူများ အနေဖြင့် စားဝတ်နေရေး အခက်အခဲ ဖြစ်နေကြောင်း သတင်းရရှိသည်။
တောင်ကုတ်မြို့တွင် ရေများဝင်ရောက်ရာတွင် အနိမ့်ပိုင်းတွင် လူတစ်ရပ် ကျော် (၆ ပေနီးပါးခန့်) ထိ ရေများ ဖုံးလွှမ်းနေကြောင်း တောင်ကုတ် ဒေသခံ ကိုရက္ခမှ နိရဉ္စရာ သတင်းဌာသို့ ပြောဆိုသည်။
ရေ၀င်ရောက်နေသော ရပ်ကွက်များမှာ ဆေးရုံကွပ်သစ်ရပ် (အဆုံးရပ်ကွက်)၊ ချောင်းကောက်ရပ်ကွပ် (ကွင်းချောင်း၊ မင်းချောင်း)၊ မီးစက်ရပ်ကွက်၊ ကံပိုင်၊ သိမ်တောင်၊ ညဈေးတန်းနှင့် ဂူတာရပ်ကွပ်များတွင် လမ်းကိုရေကျော်နေကြောင်း သိရသည်။
ရေကြီးမှုကြောင့် လူများအား ပြောင်းရွှေ့ရခြင်း မရှိသေးသော်လည်း တောင်ကုတ် မြို့မဈေးကြီးကို ဈေးသိမ်းထားကြောင်း သိရသည်။
“ လူတွေက အခက်အခဲတွေတော့ ရှိနေပါတယ်။ ရေကြီးနေတဲ့ အတွက် စားဝတ်နေရေးအခက်ခဲပါ။ နောက်သွားရေး လာရေးပါ။ သွားရေး လာရေး အခက်အခဲ ဖြစ်တော့ လက်လုပ်လက်စားတွေက အပြင်ကို သွားပြီး အလုပ် မလုပ်နိုင်တဲ့ အတွက် စားဝတ်နေရေး အတော်လေး အခက်အခဲ ဖြစ်နေပါတယ်” ဟု ကိုရက္ခက ပြောဆိုသည်။
လက်ရှိ အချိန်တွင် ရေအနည်းကျစပြုနေသော်လည်း အများကြီး ကျခြင်း မဟုတ်ကြောင်း၊ မိုးအဆက် မပြတ်ရွာ သွန်းနေသဖြင့် ရေပြန်တက်မည်ကို စိုးရိမ်နေကြောင်း သူက ဆက်လက်ပြောကြားသည်။
မျိုးမင်း (တောင်ကုတ်)
Narinjara
https://www.facebook.com/Narinjara
တောင်ကုတ်တွင်ရေကြီး၊ လက်လုပ်လက်စားများ စားဝတ်နေရေးခက်ခဲဖြစ်
Reviewed by THITHTOOLWIN
on
16:23
Rating:
