ကျောင်းကုန်း၊ ဇူလိုင် ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ကွမ်းခြံကုန်းအုပ်စု၊ ပေါက်ပင်ကွင်းကျေးရွာအနီးတွင် ဇူလိုင် ၁၈ ရက် နံနက် ၈ နာရီခန့်က ယာဉ်တိုက်မှုဖြစ်ပွားရာ တစ်ဦးသေဆုံးမှု ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ ပုသိမ်ဘက်မှ ရန်ကုန်ဘက်သို့ အောင်ကျော်မင်း(၃၈)နှစ်၊ပုသိမ်မြို့နေသူ မောင်းနှင်လာသည့် ယာဉ်အား မျက်နှာချင်းဆိုင် ရန်ကုန်ဘက်မှ ပုသိမ်ဘက်သို့ ယာဉ်မောင်းဂန္ဒီ(ခ)ဦးတင်ရွှေ (၆၀)နှစ် မင်္ဂလာတောင်ညွန့် နေသူမောင်းနှင်သည့် မော်တော်ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိကာ မျက်နှာချင်းဆိုင် တိုက်မိခဲ့သဖြင့် ယာဉ်မောင်း ဦးတင်ရွှေ နှင့် ယာဉ်ပေါ်တွင် လိုက်ပါစီးမင်းလာသည့် အွတ်စမန်း တို့သည် ပြင်းထန်စွာ ဒဏ်ရာများ ရရှိခဲ့ကြပြီး၊ လွှမ်းမိုး ဆိုသူမှာ အခင်းဖြစ်နေရာတွင်ပင် သေဆုံးသွားခဲ့သည်။
ယာဉ်မဆင်မခြင် မောင်းနှင်ခြင်းဖြင့် လူကိုထိခိုက်သေဆုံးစေသူ ယာဉ်မောင်း ဂန္ဒီ(ခ)ဦးတင်ရွှေ အား ကျောင်းကုန်းမြို့မရဲစခန်းက အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ကျောင်းကုန်းမြို့တွင် မော်တော်ယာဉ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်မိ တစ်ဦးသေဆုံး
Reviewed by THITHTOOLWIN
on
19:03
Rating:
