မောင်တောမြို့နယ်၌ မသင်္ကာသူ ၁ ဦးဖမ်းဆီးရမိ


ဇူလိုင် ၈၊၂၀၁၇

မောင်တောမြို့နယ် ဖွေရာရွာနေ တပ်ဦးချောင်းကျေးရွာအုပ်စု တာဝန်ခံ အာမိအာလီ ၃၈ နှစ် သည် အိမ်၌ အိပ်နေစဉ် ဧပြီ ၇ ရက် ည ၉ နာရီ မိနစ်၅၀ တွင် မျက်နှာဖုံးဝတ်ထားသည့် အမည်မသိ လူ ၁၀ ဦးခန့်က ဓားဖြင့်ခုတ်သတ်ခဲ့သည့်အမှုမှ မသင်္ကာတရားခံ ၁ ဦး ဖမ်းဆီးရမိခဲ့သည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် တိုင်တန်းချက်အရ ဇူလိုင်လ ၇ ရက် နံနက် ၃ နာရီခွဲတွင် နိုရူလ္လာကျေးရွာနေ မော်ဂျီ ဘူရာမန် ၃၂ နှစ်၏ နေအိမ်အတွင်းဝင်ရောက် ရှာဖွေရာ မသင်္ကာတရားခံ မော်ဂျီ ဘူရာမန် ကို စပါးကြည်အောက်မှဖမ်းဆီးရမိခဲ့ပြီး မကျီးချောင်းနယ်မြေစခန်း၌ စစ်ဆေးလျက်ရှိကြောင်းသိရသည်။

(နိုင်ငံတော်အတိုင်ပင်ခံရုံး၊ သတင်းထုတ်ပြန်ရေးကော်မတီ)
https://www.facebook.com/MyanmarSCOInfoCom/
မောင်တောမြို့နယ်၌ မသင်္ကာသူ ၁ ဦးဖမ်းဆီးရမိ မောင်တောမြို့နယ်၌ မသင်္ကာသူ ၁ ဦးဖမ်းဆီးရမိ Reviewed by THITHTOOLWIN on 18:06 Rating: 5
Powered by Blogger.