ဇူလိုင် ၁၃၊ ၂၀၁၇
ဇူလိုင်လ ၃ ရက်ညနေပိုင်းက ဘူးသီးတောင်မြို့နယ် ယင်းမကျောင်းတောင်ရွာထိပ်၌ မာမောက် ဟာရစ်(ခ)ဘိုစိန်ဦးနှင့် မာမောက်ဟာဆောင်း(ခ)ရွှေလှတို့(၂)ဦးအား အမည်မသိလူ(၁၀)ဦးခန့်က ဓားဖြင့်ထိုးခဲ့ရာ ထိုးသွင်း/ ပြတ်ရှဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း သတင်းထုတ်ပြန်ပြီးဖြစ်သည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် စုံစမ်းစစ်ဆေးခဲ့ရာ ဇူလိုင် ၉ ရက်ညနေပိုင်းတွင် ကိုယ်တိုင်ပါဝင်သတ်ဖြတ်ခဲ့သူ ယင်းမချောင်းတောင် (တောင်ပိုင်း) ရွာနေ ဆွေယော့ဒူရာမာန်နှင့် ဟာရုန်း တို့(၂)ဦးအားလည်းကောင်း၊ ဇူလိုင် ၁၁ရက် ညနေပိုင်းတွင် ယင်းမချောင်းတောင် (တောင်ပိုင်း)ရွာနေ အဒူရော်ဇော် အား လည်းကောင်း ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံများအားတောင်ဘဇာနယ်မြေရဲစခန်း၌ အမှုဖွင့်စစ်ဆေးလျက်ရှိပြီး ကျန်ရှိ တရားခံများအား ဖမ်းဆီးရမိရေး စုံစမ်းလျက်ရှိကြောင်းသိရသည်။
(နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီ)
https://www.facebook.com/MyanmarSCOInfoCom/
လူသတ်တရားခံ ၃ ဦး ဖမ်းဆီးရမိ
Reviewed by THITHTOOLWIN
on
18:21
Rating:
