ပြုံယမ်း၊ ဇူလိုင် ၂၉ ။
မြောက်ကိုရီးနိုင်ငံဟာ ၂၀၁၇ အတွက် ၁၄ ကြိမ်မြောက် ဒုံးကျည်စမ်းသပ်မှုတစ်ခုကို ဇူလိုင်လ ၂၈ ရက် မြောက်ကိုရီးယားစံတော်ချိန် ၂၃း၄၁ နာရီမှာပြုလုပ်ခဲ့တယ်လို့ BBC သတင်းမှာဖော်ပြပါတယ်။ ရှားရှားပါးပါး ညအချိန်မှာ ပြုလုပ်တဲ့ ဒုံးကျည် စမ်းသပ်မှုတစ်ခုဖြစ်ပါတယ်။
မြောက်ကိုရီးယားနိုင်ငံမြောက်ပိုင်း Jagang ဒေသကနေ ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်ဟာ မိုင်ပေါင်း ၁၈၆၅ အကွာမှာရှိတဲ့ ဂျပန်ပင်လယ်ထဲကိုကျရောက်ခဲ့ပါတယ်။
ဇူလိုင်လ ၄ ရက်နေ့ကလည်း မြောက်ကိုရီးယားနိုင်ငံဟာ intercontinental ballistic missile (ICBM) အမျိုးအစားဒုံးကျည်တစ်စင်းကို ပထမဆုံးအကြိမ်အဖြစ်စမ်းသပ်ပစ်လွှတ်ခဲ့ပါသေးတယ်။
အခုနောက်ဆုံးစမ်းသပ်ပစ်လွှတ်ခဲ့တဲ့ ဒုံးကျည်ဟာ ဇူလိုင်လ၄ ရက်က ပစ်လွှတ်ခဲ့တဲ့ ဒုံးကျည်ထက် ခရီးအကွာအဝေး ကီလိုမီတာ ၂၀၀ လောက် ပိုမိုရောက်ရှိခဲ့ပါတယ်။
ဂျပန်အစိုးရတာဝန်ရှိသူတစ်ဦးကတော့ အခု ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်ဟာ လေထဲမှာ ၄၅ မိနစ်ကြာဖြတ်သန်းခဲ့ရပြီး၊ ဇူလိုင်လ ၄ ရက်က ပစ်လွှတ်ခဲ့တဲ့ ဒုံးကျည်ထက် လေထဲမှာ ၆ မိနစ် ပိုမိုဖြတ်သန်းခဲ့ရတယ်လို့ဆိုပါတယ်။
မြောက်ကိုရီးယားရဲ့ ဒုံးကျည်စမ်းသပ်မှုပြီးတဲ့နောက် တောင်ကိုရီးယားသမ္မတ Moon Jae ကတော့ ညတွင်းချင်း အစိုးရအဖွဲ့တာဝန်ရှိသူတွေကို အရေးပေါ်အစည်းအဝေးခေါ်ခဲ့ပါတယ်။
ဂျပန်နိုင်ငံ ၀န်ကြီးချုပ် ရှင်ဇိုအာဘေးကတော့ ယခုလုပ်ရပ်ဟာ ဂျပန်နိုင်ငံရဲ့လုံခြုံရေးကိုသိသိသာသာခြိမ်းခြောက်လာပြီဖြစ်လို့ မြောက်ကိုရီးယားကို ယခုထပ်ပို့ပြီး ဖိအားပေးသင့်တယ်လို့ဆိုပါတယ်။
အမေရိကန် အစိုးရကတော့ မြောက်ကိုရီးယားရဲ့ ဒုံးကျည်စမ်းသပ်မှုနဲ့ပတ်သက်ပြီး သတင်းအချက်အလက်တွေ ပိုမိုရရှိနိုင်ဖို့စောင့်ဆိုင်းနေတယ်လို့ဆိုပါတယ်။
AHN
PHOTO - BBC
The Asia Heart News
မြောက်ကိုရီးယား ဒုံးကျည် စမ်းသပ် ပြန်
Reviewed by THITHTOOLWIN
on
05:38
Rating:
