အိန္ဒိယ နိုင်ငံ က နှစ်နိုင်ငံ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီမှု ကို အကြိမ်ပေါင်း ၅၄၂ ကြိမ် ချိုးဖောက် ခဲ့ကြောင်း ပါကစ္စတန် နိုင်ငံ ပြော

ကက်ရှမီးယား ဒေသ ၌ အိန္ဒိယ နိုင်ငံ မှ ထိန်းချုပ်ထားသည့် နေရာ တစ်ခု တွင် အိန္ဒိယ တပ်ဖွဲ့ဝင် တစ်ဦး အား မြင်တွေ့ရစဉ်(ဆင်ဟွာ)
    အစ္စလာမ်မာဘတ် ၊ ဇူလိုင် ၁၄ ရက် (ဆင်ဟွာ)

    ပါကစ္စတန် နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Zakaria က ယခုနှစ်အတွင်း အိန္ဒိယ နိုင်ငံ သည် ကက်ရှမီးယား ဒေသ အနီးတဝိုက်တွင် ပြဿနာ အကြိမ်ကြိမ် ပြုလုပ်ခဲ့ပြီး လက်ရှိချိန် ထိ အိန္ဒိယ နိုင်ငံ သည် နှစ်နိုင်ငံ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီမှု ကို အကြိမ်ပေါင်း ၅၄၂ ကြိမ် ချိုးဖောက် ခဲ့ကြောင်း ဇူလိုင်လ ၁၃ ရက်နေ့ က ပြောကြား ခဲ့သည်။

Zakaria က ဇူလိုင်လ ၁၃ ရက်နေ့၌ ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ တွင် အိန္ဒိယ နိုင်ငံ စစ်ဘက်ဆိုင်ရာ သည် ပါကစ္စတန် နိုင်ငံ အတွင်းရှိ လူနေမှု ထူထပ်သည့် ရွာများကို တိုက်ခိုက်မှု များဆောင်ရွက်ခဲ့ပြီး ရည်ရွယ်ချက်ရှိစွာ ပြဿနာ များ ပြုလုပ်ခဲ့ပြီး နှစ်နိုင်ငံ တင်းမာမှု အခြေအနေ ကို မြှင့်တင် စေလိုခဲ့ကြောင်း ၊ ယင်းကဲ့သို့ ဆောင်ရွက်ခဲ့ခြင်း သည် အိန္ဒိယ နိုင်ငံ က ၄င်းတို့၏ ကက်ရှမီးယား ဒေသတွင် ကြမ်းတမ်းစွာ ဆောင်ရွက်ခဲ့မှု များကို ဖုံးကွယ်လိုသောကြောင့် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် Zakaria က ပါကစ္စတန် နိုင်ငံ အနေဖြင့် နှစ်နိုင်ငံ တင်းမာမှု အခြေအနေ ပိုမို မဆိုးရွားလာစေလိုဘဲ ပါကစ္စတန် နိုင်ငံ အနေဖြင့် အကြီးမား ဆုံးသော ချုပ်ထိန်းမှု ကို စောင့်တည် ခဲ့ကြောင်း ၊ နှစ်နိုင်ငံ မှ ဇူလိုင်လ ၈ ရက်နေ့ ဖြစ်ပွား ခဲ့သည့် တိုက်ပွဲတွင် ပါကစ္စတန် နိုင်ငံ က အိန္ဒိယ နိုင်ငံ ၏ အကြောင်းမဲ့ ပစ်ခတ်မှု ကို ပြန်လည် တုန့်ပြန်ခြင်း သာဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ပါကစ္စတန် နိုင်ငံ စစ်ဘက်ဆိုင်ရာ နှင့် မီဒီယာ များ၏ ဖော်ပြချက်အရ အိန္ဒိယ နိုင်ငံ သည် ဇူလိုင်လ ၈ ရက်နေ့၌ ကက်ရှမီးယား ဒေသ တစ်ဘက်ခြမ်းရှိ ပါကစ္စတန် နိုင်ငံ ဘက်အား လက်နက်ကြီးများဖြင့် ပစ်ခတ် ခဲ့သောကြောင့် ပါကစ္စတန် နိုင်ငံ မှ အရပ်သား ၅ ဦးသေဆုံး စေကြောင်း ၊ ပါကစ္စတန် နိုင်ငံ က ပြန်လည် တုန့်ပြန် ပစ်ခတ်ခဲ့မှု ကြောင့် အိန္ဒိယ တပ်ဖွဲ့ မှ သေဆုံးဒဏ်ရာရရှိမှု များ ဖြစ်ပွား ခဲ့ကြောင်း သိရှိရသည်။

၁၉၄၇ ခုနှစ် တွင် ပါကစ္စတန် နိုင်ငံ နှင့် အိန္ဒိယ နိုင်ငံ တို့မှ ခွဲကွာ ခဲ့ပြီးနောက်တွင် နှစ်နိုင်ငံ မှ ကက်ရှမီးယား ဒေသ ကို ရရှိရန် အတွက် တိုက်ပွဲ နှစ်ကြိမ် ဖြစ်ပွား ခဲ့ကြသည်။ ၂၀၀၃ ခုနှစ်တွင် နှစ်နိုင်ငံ မှ ကက်ရှမီးယား ဒေသ ဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီမှု ရရှိခဲ့ကြသော်လည်း နှစ်နိုင်ငံ စလုံး က အမြဲပင် တစ်ဘက် နိုင်ငံ က သဘောတူညီမှု ချိုးဖောက်ကြောင်း ပြစ်တင်ဝေဖန် ခဲ့ကြသည်။

(Xinhua)
http://www.xinhuamyanmar.com
အိန္ဒိယ နိုင်ငံ က နှစ်နိုင်ငံ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီမှု ကို အကြိမ်ပေါင်း ၅၄၂ ကြိမ် ချိုးဖောက် ခဲ့ကြောင်း ပါကစ္စတန် နိုင်ငံ ပြော အိန္ဒိယ နိုင်ငံ က နှစ်နိုင်ငံ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီမှု ကို အကြိမ်ပေါင်း ၅၄၂ ကြိမ် ချိုးဖောက် ခဲ့ကြောင်း ပါကစ္စတန် နိုင်ငံ ပြော Reviewed by THITHTOOLWIN on 15:48 Rating: 5
Powered by Blogger.