ရေး ဇူလိုင် ၉
မွန်ပြည်နယ် ရေးမြို့နယ် အဘော်ကျေးရွာအုပ်စု အဘော်ကျေးရွာနှင့် ရွှေပြည်သာ ကျေးရွာအကြား ဖားဂလဲ့ကွင်း ရော်ဘာခြံ၌ ဇူလိုင် ၉ ရက် နံနက် ၉ နာရီ မိနစ် ၅ဝ က လုယက်မှုဖြစ်ပွားခဲ့ကြောင်း သတင်းအရ နယ်မြေခံတပ်ရင်းနှင့် ရဲတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင် ၉ရက် နံနက်၂နာရီခွဲခန့်က ခြံရှင်ဦးရဲညွန့်မောင် ရော်ဘာခြံ၌ ခြံစောင့်ဖြစ်သူ ဦးမောင်ထူးသည် မိသားစုများနှင့်အတူ အိပ်ပျော်နေစဉ် သေနတ်တို ကိုင်ဆောင်လာသည့် အမည်မသိလူ နှစ်ဦးအနက် တစ်ဦးက ပြောက်ကျားဝတ်စုံ ဝတ်ဆင်ထားပြီး မျက်နှာအားပုဆိုးဖုံးကွယ်ကာ လက်နက်ပြခြိမ်းခြောက်၍ ငွေကျပ် တစ်သိန်း ခြောက်သောင်းနှင့် ဖုန်းတစ်လုံးပါယူဆောင်သွားခဲ့ကြောင်း သိရသည်။
ရော်ဘာခြံစောင့် ဦးမောင်ထူးက တရားလိုပြုလုပ်ကာ ရေးမြို့မရဲစခန်းမှ ပြစ်မှု ကျူးလွန်သူနှစ်ဦးအား ဇူလိုင် ၉ရက် နံနက်က အမှုဖွင့်အရေးယူထားရှိပြီး နယ်မြေခံ တပ်ရင်းတပ်ဖွဲ့နှင့် ရဲတပ်ဖွဲ့ဝင်များက နယ်မြေရှင်းလင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဇူလိုင်လ ပထမပတ်အတွင်းတွင် အမည်မသိလူနှစ်ဦးလက်နက်ပြ ငွေခြိမ်းခြောက် တောင်းမှုမှာ ရေးမြို့နယ် အဘော်ကျေးရွာအုပ်စု ဝဲရက်ကွင်းရော်ဘာခြံအတွင်း၌ နှစ်ကြိမ်ဆက်တိုက် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နေမျိုးထွဋ်-ရေး
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ရေးမြို့နယ်၌ လက်နက်ပြခြိမ်းခြောက် လုယက်မှုဖြစ်ပွား
Reviewed by THITHTOOLWIN
on
08:44
Rating:
