ကော့သောင်း ၊ ဇူလိုင် ၁၂
ကော့သောင်းမြို့တွင် မိုးသည်းထန်းစွာအဆက်မပြတ်ရွာသွန်းသဖြင့် ဇူလိုင် ၁၂ ရက် မွန်းလွဲ၁၂နာရီ ခွဲခန့် က ကော့သောင်း-ဘုတ်ပြင်း ၊ပြည်ထောင်စုလမ်းမကြီး ၊ ရွှေပြည်စိုးကျေးရွာအုပ်စုအပိုင် မိုင်တိုင်အမှတ်(၄) ၊လမ်းဘေးတောင်တန်းများပေါ်မှ မြေပြို လမ်းပိတ်ဆို့မှုဖြစ်စဉ်ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်တွင် အဆိုပါနေ့ နံနက်ပိုင်းမှ စတင် ကာအဆက်မပြတ် မိုးသည်းထန်စွာရွာသွန်းခဲ့ရာမှ ကော့သောင်း-ဘုတ်ပြင်း၊ပြည်ထောင်စုလမ်းမကြီး၊ရွှေပြည်စိုးကျေးရွာအုပ်စုအပိုင်မိုင်တိုင်အမှတ်(၄) ၊လမ်းဘေးရှိဇိနဗုဒ္ဓဘုန်းတော်ကြီးကျောင်းအပေါ်ဘက်တောင်ကြောကားလမ်းမှ အမြင့်ပေ (၁၅၀) ခန့် ၊ အရှည်ပေ(၁၀၀)၀န်းကျင်ခန့် မြေသားထုများပြိုကျမှုဖြစ်ပွားကာကားလမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ဖြစ်စဉ် ဖြစ်ပွားခြင်းကော့သောင်းခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဦးနှင့်မြို့နယ် အုပ်ချုပ်ရေးအဖွဲ့အစည်းမှတာဝန်ရှိသူများ ၊ ကော့သောင်းတပ်နယ် စစ်ဗျူဟာအဖွဲ့ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးနိုင်တင်နွဲ့ နှင့်တပ်မတော်သားများ ၊ မီးသတ်တပ်ဖွဲ့ဝင်များ ၊ ရဲတပ်ဖွဲ့ဝင်များ ၊ စည်ပင်သာသာရေးအဖွဲ့ ၊ ကြက်ခြေနီတပ်ဖွဲ့နှင့်အရပ်ဖက်လူမှုအဖွဲ့အစည်းများ အပါအ၀င် စက်ယန္တရားများအင်အားများအသုံးပြု စုပေါင်းရှင်းလင်းဖယ်ရှားခဲ့ရာမွန်းလွဲ ၁နာရီခွဲတွင် ယာဉ်အသွားအလားများပုံမှန် ဖြတ်သန်းသွားလာနိုင်ခဲ့သည်။
ဖြစ်စဉ်ကြောင့် လမ်းပေါ်ဖြတ်သန်းသွားလာလျှက်ရှိသည့် လူနှင့်ယာဉ်များထိခိုက်ဒဏ်ရာရရှိမှု နှင့်ပျက်စီးဆုံးရှုံးမှု တစ်စုံတစ်ရာမဖြစ်ပေါ်ခဲ့သော်လည်းတစ်နာရီကျော်ခန့် ယာဉ်ကြောပိတ်ဆို့မှု ဖြစ်ပေါ်ခဲ့ကြောင်းသတင်းရရှိသည်။
ကျော်စိုး (ကော့သောင်း)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
မိုးသည်းထန်းသဖြင့် ကော့သောင်း-ဘုတ်ပြင်း ပြည်ထောင်စုလမ်းမပေါ် မြေပြိုလမ်းပိတ်ဆို့မှုဖြစ်ပွား
Reviewed by THITHTOOLWIN
on
18:55
Rating:
