အငှားကိုယ်ဝန်ဆောင် ရှာဖွေပေးသူ တရားစွဲဆိုခံရ


ကမ္ဘောဒီးယားနိုင်ငံမှာ အငှားကိုယ်ဝန်ဆောင်မယ့်သူ ရှာဖွေပေးတဲ့ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ခဲ့သူ သြစတြေးလျနိုင်ငံသူတဦး ဖမ်းဆီးတရားစွဲဆိုခံထားရပါတယ်။

အဲဒီအမျိုးသမီးဟာ သူ့ရဲ့အငှားကိုယ်ဝန်ဆောင် ရှာဖွေပေးရေးလုပ်ငန်းကို ကမ္ဘောဒီးယားမှာမလုပ်ခင် ရှေ့နေ ၃ ယောက်နဲ့တိုင်ပင်ခဲ့ပြီး ဒီလုပ်ငန်းဟာ တရားဝင်ဖြစ်တယ်လို့ ရှေ့နေတွေက ပြောတဲ့အတွက် လုပ်ငန်းစတင်ခဲ့တာဖြစ်ပါတယ်။ အငှားကိုယ်ဝန်ဆောင်မှုတခုအတွက် ဒေါ်လာတစ်သောင်းဝန်ဆောင်ခ ရတယ်လို့ ပြောပါတယ်။

ကိုယ်တိုင်ကလေးမမွေးနိုင်၊ ကလေးမရနိုင်သူတွေ အငှားကိုယ်ဝန်ဆောင်ပေးမယ့်သူ ရှာဖွေရာ နေရာတခုလိုဖြစ်လာတဲ့ ကမ္ဘောဒီးယားမှာ အငှားကိုယ်ဝန်ဆောင်တဲ့ကိစ္စကို မနှစ်ကစပြီး တားမြစ်လိုက်ပါတယ်။

အမေရိကန်လို၊ သြစတြေးလျှလိုနိုင်ငံကြီးတွေမှာ အငှားကိုယ်ဝန်ဆောင်ဝန်ဆောင်ခဟာ ဒေါ်လာတစ်သိန်းခွဲ လောက်ရှိပြီး ဖွံ့ဖြိုးစနိုင်ငံတွေရဲ့ဝန်ဆောင်ခဟာ အဆမတန် ဈေးသက်သာပါတယ်။

ထိုင်းနိုင်ငံမှာ အငှားကိုယ်ဝန်ဆောင်တဲ့အလုပ်ကို ပြင်းပြင်ထန်ထန် တားမြစ်လိုက်ပြီးနောက်ပိုင်း ကမ္ဘောဒီးယားနိုင်ငံမှာ အဲဒီလုပ်ငန်းတွင်ကျယ်လာခဲ့ပါတယ်။

အခု ကမ္ဘောဒီးယားမှာ တားမြစ်လိုက်ပြန်တာကြောင့် အဲဒီလုပ်ငန်းဟာ အိမ်နီးချင်း လာအိုနိုင်ငံကို ရွှေ့ပြောင်းသွားခဲ့ပြန်ပြီလို့ သိရပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
အငှားကိုယ်ဝန်ဆောင် ရှာဖွေပေးသူ တရားစွဲဆိုခံရ အငှားကိုယ်ဝန်ဆောင် ရှာဖွေပေးသူ တရားစွဲဆိုခံရ Reviewed by THITHTOOLWIN on 18:45 Rating: 5
Powered by Blogger.