ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အပေါင်းပါတစ်ဦးကို မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းမိ


ဇူလိုင်(၁၁)ရက်

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကျွန်းလှမြို့နယ်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်
အပေါင်းပါတစ်ယောက်ကို မူးယစ်ဆေးဝါးနှင့်အတူ ဇူလိုင်လ(၁၀)ရက်နေ့ ညနေ (၄း၀၀)အချိန်ခန့်တွင် ဖမ်းဆီးရမိကြောင်း သိရပါသည်။ ကျွန်းလှမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင်ဒုရဲအုပ်ဇော်သူ ဦးစီးသည့်တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ၊ ကုက္ကိုကုန်း-ယင်းတိုက် သွားကားလမ်းပေါ်ရှိ မြဘုံသာကျေးရွာအဝင် ဘုရားအနီး မူးယစ်ဆေးဝါး သတင်းအရ စောင့်ဆိုင်းနေစဉ် ဖမ်းဆီးမိခြင်း ဖြစ်သည်။


ဦးခင်မောင်ဌေး(သစ်ရာမြိုင်ရပ်ကွက်အုပ်ချုပ်ရေးမှူး)မောင်းနှင်ပြီး ဦးခင်မောင်ဝင်း၊ လွှတိုက်ကျေးရွာနေသူ နောက်မှလိုက်ပါလာသည့် FEKON 125 အနက်ရောင်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ ဆိုက်ကယ်တူးဘောက် အတွင်းမှ ဘိန်းဖြူ (0.15)ဂရမ်ခန့်စီပါ ပင်နယ်စလင်ပုလင်းနှစ်လုံးနှင့်မူးယစ်ဆေးဝါး သုံးစွဲုရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့် အတူ ရှာဖွေတွေ့ရှိခဲ့သည်။

ဒုရဲအုပ်ဇော်သူမှ ကျွန်းလှမြို့မရဲစခန်းတွင် ငှင်းတို့ နှစ်ဦးအား မူး/စိတ်ပုဒ်မ ၁၅/၁၆(ဂ)/၂၁ အရ အမှုဖွင့် အရေးယူထားကြောင်းသိရသည်။

မောင်လေး ငယ်ငယ်
https://www.facebook.com/mgmglay.ngenge
ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အပေါင်းပါတစ်ဦးကို မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းမိ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အပေါင်းပါတစ်ဦးကို မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းမိ Reviewed by THITHTOOLWIN on 07:05 Rating: 5
Powered by Blogger.