(ပုသိမ်) ဇူလိုင် ၁၁ ရက်၊
ဧရာဝတီတိုင်းဒေသကြီးအတွင်း ဇန်နဝါရီလမှ ဇူလိုင်လ ၁၀ ရက်နေ့အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွါးသူ ၁၆၇၉ ဦးရှိနေပြီး ရောဂါကြောင့်ကလေးငယ် ၂၀ ဦးအထိ သေဆုံးခဲ့ကြောင်း တိုင်းဒေသကြီး ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနမှ သိရှိရသည်။
၂၀၁၆ ခုနှစ်တနှစ်လုံး ဖြစ်ပွါးသူ ဦးရေ (၈၄၃)ဦးထက်
၂ ဆ ခန့်ဖြစ်ပွါးမှုများနေခြင်းဖြစ်ကြောင်း ဧရာဝတီတိုင်း ဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန စာရင်းများအရ သိရသည်။
ယခုနှစ် သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှုနှုန်း အများဆုံးမြို့များမှာ ပုသိမ်၊ မြောင်းမြ၊ မအူပင်၊ ဟင်္သာတ၊ ဝါးခယ်မနှင့် လပွတ္တာမြို့များဖြစ်ပြီး ဖြစ်ပွားမှုနှုန်း အများဆုံးအသက်အရွယ်မှာ (၅)နှစ်မှ (၇)နှစ်ကြားဖြစ်ပြီး ဒုတိယဖြစ်ပွားမှုနှုန်းအများဆုံး အသက်အရွယ်များမှာ (၁)နှစ်မှ (၄)နှစ်ကြားနှင့် (၁၀)နှစ်မှ (၁၄)နှစ်ကြား အရွယ်များဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှရရှိသည့် စာရင်းများအရ သိရသည်။
“အဓိကကတော့ခြင်ကျားကိုက်ခံရပြီး ရောဂါ ကူးစက်ခံရတဲ့ကလေးဆို အရင်ဆုံးဖျားမယ်၊ တချို့ကျတော့ သွေးအန်တယ် သွေးယိုတယ်တို့ ဗိုက်နာတယ်တို့ သွေးလန့်တဲ့လက္ခဏာတွေ သွေးပေါင်ကျတယ်ဆိုတာတွေက အန္တရာယ်ရှိတဲ့ လက္ခဏာတွေ ဖြစ်လာပြီ အဲ့ဒါမျိုတွေဆိုရင်တော့ စိုးရိမ်ရပြီ”ဟု ပုသိမ်ဆေးရုံမှ ကလေးအထူးကု ဆရာဝန်ကြီး ဒေါက်တာဒေါ်ဇာနည်အောင် ကပြောသည်။
သွေးလွန်တုပ်ကွေးဖြစ်ပွါးသူများအနက် ကလေးငယ် ၂၂၁ ဦးသည် ပုသိမ်ဆေးရုံကြီးသို့ တက်ရောက်ကုသမှု ခံယူခဲ့ပြီး ၃ ဦးသေဆုံးခဲ့ကြောင်း ပုသိမ်ဆေးရုံကြီး၏ စာရင်းများအရ သိရသည်။
မြမင်းဦး/ဧရာဝတီတိုင်းမ်
Ayeyarwaddy Times
https://www.facebook.com/ayeyarwaddytimes
ဧရာဝတီတိုင်းအတွင်း သွေးလွန်တုပ်ကွေး ရောဂါကြောင့် ၁ လကျော်အတွင်း ကလေးငယ် ၂၀ ဦးသေဆုံး
Reviewed by THITHTOOLWIN
on
16:09
Rating:
