တာလေမြို့၊ တောင်သုံးလုံးကျေးရွာမှ တောင်သူများ မြက်သတ်ဆေးဖြန်း သည့် သီးပင်များ စားမိ၍ အစာအဆိပ်သင့်ဖြစ်ပွား


တာလေ ဇူလိုင် ၂၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာလေမြို့၊ တာလေမြို့နယ်၊ နားယောင်း အုပ်စု၊ တောင်သုံးလုံးအလယ်ရွာ၌ ပြောင်းဖူးများစားမိရာမှ တောင်သူမိသား စု ၁၃ ဦး အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ကြောင်း တောင်သူများထံမှ သိရပါ တယ်။

''ဇူလိုင်လ ၁၂ ရက် နေ့လည်က ကျွန်တော်တို့ ငှါးရမ်းစိုက်ပျိုးထားတဲ့ စိုက်ခင်းက ပြောင်းနဲ့ ဖရုံရွက်တွေကို ခူးပြီး ရွာသူရွာသားတွေ မျှဝေစား သောက်ခဲ့ရာမှ ညတွင်းချင်း အားအင်တွေကုန်ခမ်းလာတယ်၊ ရင်ထဲတွင်းပူ လောင်လာတယ်၊ ယားယံ၊ အော့အံခြင်း ဝေဒနာတွေ ရွာသားတွေ ခံစာခဲ့ ရတယ်၊ သာမာန်ဖြစ်တယ်လို့ထင်တယ်၊ ဇူလိုင် ၁၇ ရက်နေ့မှ စိုက်ခင်းက ပြောင်း ပင်တွေ၊ ဖရုံပင်တွေ ညိုးနွမ်းလာတာတွေ့မှ မြက်သတ်ဆေးဖြန်းမိတဲ့ ပြောင်းဖူးတွေ စားမိလို့ အခုလိုဝေဒနာဖြစ်ပွားခဲ့တယ်" ဟု ဝေဒနာခံစား နေရသူ ဦးနိုင်းလိန်းက ပြောပါတယ်။


ဇူလိုင် ၁၈ ရက်နေ့တွင် နံနက်ပိုင်း ဝေဒနာရှင် လေးဦးနှင့် ဇူလိုင် ၂၁ ရက်နေ့ညနေ့ပိုင်းက ဝေဒနာရှင် ရှစ်ဦးတို့ စုစုပေါင်း တောင်သူ ၁၂ ဦးသည် တာချီလိတ် ပြည့်သူ့ဆေးရုံသို့သို့ အပြင်လူနာအဖြစ် လာရောက်ပြသကု သခဲ့ကြောင်း၊ ၄င်းတို့အထဲတွင် အသက် ၈ နှစ်၊ ၃ နှစ်၊ ၂ နှစ်အရွယ်ကလေး များ ပါဝင်ကြောင်း သိရပါတယ်။
''သူတို့တွေ ရောဂါအခြေအနေ သိပ်အထွေအထူးတော့ မရှိတော့ပါဘူး၊ ဆေးရုံကလိုအပ်တဲ့ သောက်ဆေး၊ စားဆေးတွေပေးပြီး ကုသပေး ထား ပါတယ်၊ ဆေးရုံတက်စရာတော့ မလိုပါဘူး၊ မသက်သာရင်လည်း ပြန်လာ ကု လို့ရတဲ့အနေအထားပါ၊ သူတို့ကို သမားတော်ကိုယ်တိုင်လည်း လာရောက်ကြည့်ရှု့သွားပါတယ်" ဟု တာဝန်ကျ ဆရာဝန် တစ်ဦးပြော ရှင်းပြ ပါတယ်။


အဆိုပါ စိုက်ခင်းအား တာလေမြို့နယ်၊ နားယောင်းအုပ်စု၊ တောင်သုံး လုံး အလယ်ရွာနေ ဦးနိုင်းလိန်း မိသားစုနှင့် ဦးဂေနိုင်းမိသားစုတို့က ဒေါ်မိ သ ထံမှ ၂၀၁၆ ခုနှစ်တွင် ငှားရမ်းစိုက်ပျိုးခဲ့ကြောင်း၊ ၂၀၁၇ ခုနှစ်၊ မေလ တွင် ပိုင်ရှင်မှ ပြန်လည်ရောင်းချခဲ့ကြောင်း၊ လက်ရှိပိုင်ရှင်မှ ကျွန်းစိုက်ပျိုးရန် အတွက် မြက်သတ်ဆေးရေများဖြန်းရန် ပြင်ဆင်မှုများပြုလုပ်နေကြောင်း သိရ၍ မိမိတို့ စိုက်ပျိုးသီးနှံများ ရိတ်သိမ်းပြီးမှ မြက်သတ်ဆေးများဖြန်းရန် ညှိနှိုင်းပြောဆိုမှုများရှိခဲ့ကြောင်း၊ ဆေးဖြန်းခဲ့သည်ကိုမသိ၍ စားသုံး ခဲ့ကြောင်း တောင်သူများပြောပြ၍ သိရပါတယ်။

မြင့်မိုရ်(တာချီလိတ်)
ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews
တာလေမြို့၊ တောင်သုံးလုံးကျေးရွာမှ တောင်သူများ မြက်သတ်ဆေးဖြန်း သည့် သီးပင်များ စားမိ၍ အစာအဆိပ်သင့်ဖြစ်ပွား တာလေမြို့၊ တောင်သုံးလုံးကျေးရွာမှ တောင်သူများ မြက်သတ်ဆေးဖြန်း သည့် သီးပင်များ စားမိ၍ အစာအဆိပ်သင့်ဖြစ်ပွား Reviewed by THITHTOOLWIN on 16:11 Rating: 5
Powered by Blogger.