ဘက်ဟိုးတူးထားသော ရေမြောင်းထဲ၌ လူသေအလောင်းတွေ့


ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် ပုဇွန်မြောင်းကျေးရွာအနီး ညောင်လေးပင် မဒေါက် ကားလမ်းဘေးဘက်ဟိုးတူးမြောင်းအတွင်း ဇူလိုင်(၂၂)ရက် နေ့လယ်(၁)နာရီခွဲက လူသေအလောင်းတွေ့ရှိခဲ့တယ်လို့သိရပါတယ်။


 ညောင်လေးပင် မဒေါက်ကားလမ်းဘေး မိုင်တိုင်အမှတ်(၄)မိုင်(၆)ဖာလုံအနီး ဘက်ဟိုးတူးထားတဲ့ အနက်(၁၈)ပေ အကျယ်(၃၅)ပေရှိ ရေမြောင်းထဲမှာလူ(၁)ဦးသေဆုံးနေတာဖြစ်ပါတယ်။

 ညောင်လေးပင်မြို့မရဲစခန်းက သက်သေတွေနဲ့အတူ သွားရောက် စစ်ဆေးရာမှာ သေဆုံးသူဟာ (၃၅)နှစ်အရွယ်ရှိ ပုဇွန်မြောင်းကျေးရွာမှာနေထိုင်တဲ့ အမျိုးသား(၁)ဦးဖြစ်ပြီး ပြင်ပဒဏ်ရာမတွေ့ရှိရဘဲသေဆုံးနေတာဖြစ်တယ်လို့သိရပါတယ်။


 သေဆုံးသူကို ညောင်လေးပင်ပြည်သူ့ဆေးရုံကို ပို့ဆောင်ပြီး ဓမ္မတာအတိုင်း သေဆုံးတာဟုတ်/မဟုတ် စစ်ဆေးဆောင်ရွက်နေတယ်လို့သိရပါတယ်။ ဒီသတင်းကို ကိုထွေး(ညောင်လေးပင်)က ပေးပို့တာပါ။

Central News Bureau
https://www.facebook.com/skynetcnb/
ဘက်ဟိုးတူးထားသော ရေမြောင်းထဲ၌ လူသေအလောင်းတွေ့ ဘက်ဟိုးတူးထားသော ရေမြောင်းထဲ၌ လူသေအလောင်းတွေ့ Reviewed by THITHTOOLWIN on 06:45 Rating: 5
Powered by Blogger.