ပိုင်ကျုံ ဇူလိုင် ၈
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ပိုင်ကျုံမြို့၊ အမှတ် (၃) ရပ်ကွက်နေ ဇော်လွင်ဦး (ခ) ဗိုလ်ဗိုလ်သည် ဇူလိုင်လ ၈ ရက်နေ့နံနက် ၈ နာရီခွဲ အချိန် ဒါးကျိုင်းချောင်းအတွင်း ရေဆင်းခတ်စဉ် ချောင်းကမ်းပါးမှ ပေ (၇၀) ခန့်အကွာတွင် အလောင်းတစ်လောင်း ပေါ်နေသည်ကိုတွေ့ရ၍ ပိုင်ကျုံနယ်မြေရဲစခန်းသို့ အကြောင်းကြားရာ ပိုင်ကျုံနယ်မြေရဲစခန်းမှူး ရဲအုပ် ဟန်နိုင်ဦး နှင့် တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်၍ အလောင်းအား ဆယ်ယူစစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့စစ်ဆေးရာ အမည်မသိ၊ အသက် (၅၀) ခန့်ရှိ အမျိုးသားအလောင်းမှာ ယာမျက်ခုံးအထက် ပေါက်ပြဲဒဏ်ရာ၊ ဦးခေါင်းယာဘက်နောက်စေ့ ပေါက်ပြဲဒဏ်ရာ၊ ဝမ်းဗိုက်နှင့်နောက်ကြောတို့တွင် ညိုမဲဒဏ်ရာ၊ ယာဘက်ခြေထောက် ခြေကျင်းဝတ်တွင် ၃ပေ ခန့်ရှိ အဖြူရောင်နိုင်လွန်ကြိုး ချည်လျှက်လည်းကောင်း၊ လက်နှစ်ဖက်အား အပြာရောင်နိုင်လွန်ကြိုးဖြင့် ချည်တုတ်ပြီး အဖြူရောင်မြွေရေခွံအိတ်အတွင်း ကျောက်ခဲများထည့်၍ ၄င်းကြိုးဖြင့်ပင် တွဲချည်ထားကာ ပုတ်ပွလျှက်အနေအထားဖြင့် စစ်ဆေးတွေ့ရှိရသည်။
အဆိုပါအလောင်းအား နံနက် ၉ နာရီခွဲအချိန် ပိုင်ကျုံမြို့ ပြည်သူ့ဆေးရုံသို့ စစ်ဆေးနိုင်ရန် ရဲဆေးစာဖြင့် ပို့ဆောင်ထားရှိပြီး ပြစ်မှုကျူးလွန်သူအား စုံစမ်းဖေါ်ထုတ်နိုင်ရေးအတွက် အမှုဖွင့်လှစ်ထားကြောင်း သတင်းရရှိသည်။
မင်းသူ/ထွန်းထွန်းထွေး (ဘားအံ)
ကရင်ပြည်နယ်ရဲတပ်ဖွဲ့
https://www.facebook.com/kspolicedept
ပိုင်ကျုံမြို့၊ ဒါးကျိုင်းချောင်းအတွင်း အမည်မသိ အမျိုးသားအလောင်း တစ်လောင်း တွေ့ရှိ
Reviewed by THITHTOOLWIN
on
19:17
Rating:
