ကျိုက္ကော်ချောင်းထဲ၌ အမည်မသိလူတစ်ဦး ရေနစ်သေဆုံး


သုဝဏ္ဏဝတီမြို့ ဇူလိုင် ၂၃

မွန်ပြည်နယ် သထုံမြို့နယ် သုဝဏ္ဏဝတီမြို့ တောင်ကြားရပ်ကွက် ဇောတိကချောင်းတံတားအနီး၌ ကျိုက္ကော်ချောင်းအတွင်း ဇူလိုင် ၂၃ ရက် နေ့လည် ၁၁နာရီအချိန်က အမည်မသိလူတစ်ဦး ရေနစ်သေဆုံးနေသည်ကို တွေ့ရှိရကြောင်း သိရသည် ။

တောင်ကျရေနှင့်အတူ မည့်သည့်နေရာမှမျောပါလာမှန်း မသိရသော လူသေတစ်လောင်းအား တွေ့ရှိကြောင်း ပြည်သူများ၏ သတင်းပေးမူကြောင့် သိမ်ဆိပ်နယ်မြေရဲစခန်းမှ ရဲအုပ်ကိုကိုလတ် နှင့် ရဲတပ်ဖွဲ့ဝင်များ သုဝဏ္ဏဝတီမြို့ လူမူကယ်ဆယ်ရေးအဖွဲ့များက သွားရောက် စစ်ဆေး ဆယ်ယူရာ အမည် အသက် နေရပ်လိပ်စာ ( မသိ)သူ(အသက် ၃၀ နှစ်ခန့်) ကို ချောင်းအတွင်း ရေနစ်သေဆုံးလျှက် ချောင်းအတွင်း သစ်ကိုင်းများနှင့်ညှိနေသည်ကို တွေ့ရှိ၍ ဆယ်ယူပြီး သိမ်ဆိပ်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည် ။

ဖြစ်စဉ်နှင့် ပတ်သတ်၍ သိမ်ဆိပ်နယ်မြေရဲစခန်းမှ စုံစမ်းစစ်ဆေးနေကြောင်း သိရသည် ။

ခွန်(ဝင်းပ)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ကျိုက္ကော်ချောင်းထဲ၌ အမည်မသိလူတစ်ဦး ရေနစ်သေဆုံး ကျိုက္ကော်ချောင်းထဲ၌ အမည်မသိလူတစ်ဦး ရေနစ်သေဆုံး Reviewed by THITHTOOLWIN on 21:00 Rating: 5
Powered by Blogger.