မျှစ်အိတ်သယ်ယာဉ်အား ကျော်တက်သည့် ဆိုင်ကယ်ယာဉ်ကို ဝင်တိုက်သေဆုံး


ပန်းတောင် ဇူလိုင် ၂၂

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပန်းတောင်းမြို့နယ် ကျီးတောကျေးရွာအနီး ပုသိမ်-မုံရွာအဝေးပြေးလမ်းမကြီး မိုင်တိုင်အမှတ် ၁၃၇/၁ နှင့် ၁၃၇/၂ အကြားတွင် မျှစ်အိတ်များ သယ်ဆောင်လာသော ယာဉ်အား မော်တော် ဆိုင်ကယ်မှ ကျော်တက်ရာ ယာဉ်မှ တိုင်မိပြီး ဆိုင်ကယ်ယာဉ်မောင်း မှာနေရာတွင် သေဆုံးသွားကြောင်း သတင်းရရှိသည်။

ပုသိမ်-မုံရွာအဝေးပြေးလမ်းမကြီး မိုင်တိုင်အမှတ် ၁၃၇/၁နှင့် ၁၃၇/၂ တို့အကြား ကျီးတောကျေးရွာအနီး၌ ဇူလိုင် ၂၂ ရက် မွန်းတည့် ၁၂ နာရီက ကြံခင်းမြို့ဘက်မှ ဥသျှစ်ပင်မြို့ဘက်သို့ ယာဉ်မောင်း ကျော်ကျော်သက်အောင် (၂၉ နှစ်) မောင်းနှင်လာသော ယာဉ်အမှတ် 1K/------ FORLANDအမျိုးအစား ခြောက်ဘီးယာဉ်သည် မျှစ်အိတ်များ သယ်ဆောင်မောင်းနှင်လာစဉ် ပုသိမ်-မုံရွာကားလမ်းဝဲဘက်ရှိ ကြပ်ပြိုကျေးရွာမြေသားလမ်းသို့ ရုတ်တရက်ချိုးကွေ့ရာ တစ်ဖက်ယာဉ်ကျောသို့ ရောက်ရှိစဉ် လားရာတူနောက်မှ ယာဉ်မောင်း ညီညီနိုင် (၃၇ နှစ်) အိမ်မဲမြို့နေသူမောင်းနှင်ပြီး ဆိုင်ကယ်နောက်မှထက် အာကာ (၂၅ နှစ်) အိမ်မဲမြို့နေသူ စီးနင်းလိုက်ပါလာသော ဆိုင်ကယ် အမှတ် ၁၁ယ/------BATAJ PULSAR-200အနက်ရောင်ဆိုင်ကယ်မှ တစ်ဖက်ယာဉ်ကျောသို့ ကျော်တက်မောင်းနှင်စဉ်ဝင်ရောက်တိုက်မိခဲ့သဖြင့် ယာဉ်မောင်းညီညီနိုင်တွင် နှာခေါင်းသွေးထွက်၊ မေးစေ့ ယာဘက်ခြမ်းပေါက်ပြဲ၊ လည်ဆစ်ရိုးဖူးရောင်၊ ယာဒူးခေါင်းပွန်းပဲ့ဒဏ်ရာဖြင့် အခင်းဖြစ်နေရာ၌ သေဆုံးခဲ့ပြီး ထက်အာကာမှာ ယာချက်ခုံးပွန်းပဲ့၊ ယာပခုံးဖူးရောင် ဒဏ်ရာ (အတွင်းလူနာ-မစိုးရိမ်ရ)ဒဏ်ရာများရရှိခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ထုံးဘိုနယ်မြေရဲစခန်းမှ အမှုအမှတ် ယာဉ်(ပ) ၇/၂ဝ၁၇ ပုဒ်မ ၃ဝ၄(က)/၃၃၇ ဖြင့် အမှုရေးဖွင့်ပြီး အမှုစစ်ရဲအုပ် ဝင်းထွန်းနိုင်မှ ဆက်လက်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

အောင်မြင့်-ပန်းတောင်း
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
မျှစ်အိတ်သယ်ယာဉ်အား ကျော်တက်သည့် ဆိုင်ကယ်ယာဉ်ကို ဝင်တိုက်သေဆုံး မျှစ်အိတ်သယ်ယာဉ်အား ကျော်တက်သည့် ဆိုင်ကယ်ယာဉ်ကို ဝင်တိုက်သေဆုံး Reviewed by THITHTOOLWIN on 20:09 Rating: 5
Powered by Blogger.